AD
AD
AD
play

 

ဘဏ်အမျိုးအစား မတူတဲ့ MPU (ATM) ကတ်တွေနဲ့ ဘဏ်စာရင်းတွေအချင်းချင်း ငွေလွှဲပြောင်းနိုင်တဲ့ စနစ်ကို ၂၀၁၈ ခုနှစ် မတ်လက စတင်ပြီး သုံးစွဲနိုင်တော့မယ်လို့ Myanmar Payment Union အမှုဆောင် အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောပါတယ်။

“ကတ်အချင်းချင်း သော်လည်းကောင်း၊ ကတ်အကောင့်ကနေ Saving Account ကိုလည်းကောင်း ငွေလွှဲလို့ရမယ့်စနစ်ကို ဗဟိုဘဏ်နဲ့ပေါင်းပြီး ဆောင်ရွက်ထားတယ်။ အချိန် ကုန် သက်သာဖို့အတွက် ရည်ရွယ်ပြီး ဒီစနစ်ကို အကောင်အထည်ဖော်ထားတာ”လို့ ဦးဇော်လင်းထွဋ်က ပြောပါတယ်။

ဒီစနစ်ကြောင့် ငွေလွှဲမယ်ဆိုရင် ဘဏ်ကို သွားပြီး ငွေလွှဲဖို့မလိုဘဲ MPU ကတ်တွေနဲ့ ATM (ငွေထုတ်စက်) တိုင်းမှာ ငွေလွှဲနိုင်မှာ ဖြစ်ကာ အချိန်မရွေး ငွေထုတ်နိုင်တော့မှာ ဖြစ်ပါတယ်။

play

 

အဆိုပါစနစ်အတွက် ငွေလွှဲနဲ့ ပတ်သက်ပြီး အသေးစိတ်ကို ဆွေးနွေးနေဆဲဖြစ်ကာ ဘဏ်တွေမှာ ကောက်ခံနေတဲ့ ငွေလွှဲဝန်ဆောင်ခထက် ပိုမိုကောက်ခံမှာ မဟုတ်ဘဲ ဝန်ဆောင်ခတွေကို ထုတ်ပြန်ပေးမယ်လို့ Myanmar Payment Union ကနေ သိရပါတယ်။

MPU အဖွဲ့ကို ပြည်တွင်းဘဏ် ၂၃ ခုနဲ့ ဖွဲ့စည်းထားပြီး ၁၇ ဘဏ်က MPU ကတ်တွေကို ၂၀၁၃ ခုနှစ်တည်းက စတင်ထုတ်ဝေခဲ့ကာအခုအချိန်မှာ ကတ် သုံးစွဲသူပေါင်း ၃ ဒသမ ၅ သန်းနီးပါး ရှိပြီး လာမယ့် နှစ်နှစ်အတွင်း သုံးစွဲသူဦးရေ ၅ သန်းကနေ ၇ သန်းကြားအထိ တိုးတက်လာနိုင်ကြောင်း MPU အဖွဲ့က ခန့်မှန်းထားပါတယ်။

Source : The Voice

Photos : Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD