play

မြန်မာနိုင်ငံအတွင်းမှာ အသုံးပြုနေတဲ့ MPU ကတ်တွေကနေ အာရှနိုင်ငံတွေကို ငွေလွဲပြောင်းလို့ရအောင်စီစဉ်နေတယ်လို့ Myanmar Payment Union ကနေ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အာရှငွေပေးချေမှုဆိုင်ရာ ကွန်ရက် (Asia Payment Network – APN) ရဲ့ အဖွဲ့ဝင်ဖြစ်လာဖို့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံထားပြီး အဖွဲ့ဝင်ဖြစ်လာရင် အဆိုပါဝန်ဆောင်မှုတွေ ရရှိတော့မယ်လို့ MPU အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောပါတယ်။

ဒါ့အပြင် လာမယ့်နှစ် နှစ်ဆန်းပိုင်းကစတင်ပြီး MPU ကတ်တွေကို ပိုပြီးတွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်အောင် ၀န်ဆောင်မှုတွေကို အဆင့်မြှင့်တင်ဆောင်ရွက် သွားမယ်လို့လည်း ဦးဇော်လင်းထွဋ်က ပြောပါတယ်။

play

“ကတ်အချင်းချင်း သော်လည်းကောင်း၊ ကတ်အကောင့်ကနေ Saving Account ကိုလည်းကောင်း ငွေလွှဲလို့ရမယ့်စနစ်ကို ဗဟိုဘဏ်နဲ့ပေါင်းပြီး ဆောင်ရွက်ထားတယ်။ အချိန် ကုန် သက်သာဖို့အတွက် ရည်ရွယ်ပြီး ဒီစနစ်ကို အကောင်အထည်ဖော်ထားတာ”လို့ ဦးဇော်လင်းထွဋ်က ပြောပါတယ်။

MPU အဖွဲ့ကို ပြည်တွင်းဘဏ် ၂၃ ခုနဲ့ ဖွဲ့စည်းထားပြီး ၁၇ ဘဏ်က MPU ကတ်တွေကို ၂၀၁၃ ခုနှစ်တည်းက စတင်ထုတ်ဝေခဲ့ကာအခုအချိန်မှာ ကတ် သုံးစွဲသူပေါင်း ၃ ဒသမ ၅ သန်းနီးပါး ရှိပြီး လာမယ့် နှစ်နှစ်အတွင်း သုံးစွဲသူဦးရေ ၅ သန်းကနေ ၇ သန်းကြားအထိ တိုးတက်လာနိုင်ကြောင်း MPU အဖွဲ့က ခန့်မှန်းထားပါတယ်။

Source : Myanmar Times

Photos : Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video