Myanmar Payment Union (MPU) ကတ်တွေရဲ့ Switching စနစ်ကို အဆင့်မြှင့်တင်နေပြီး လာမယ့်နှစ်ဆန်းပိုင်းမှာ ဒီစနစ်သစ်ကို MPU အဖွဲ့ ဝင်ဘဏ်တွေမှာ သုံးနိုင်တော့မယ်လို့ သိရပါတယ်။

MPU ရဲ့ ငွေပေးချေစနစ် အဆင့်မြှင့်တင်မှုနဲ့ ပတ်သတ်ပြီး MPU ရဲ့ CEO ဦးဇော်လင်းထွဋ်က “၂၀၁၈ နှစ်စ ပိုင်းမှာ ဒီ Switch အသစ်နဲ့ အဖွဲ့ဘဏ်အချို့က Live တက်သွားပါလိမ့်မယ်၊ လက်ရှိပေးနေတဲ့ ၀န်ဆောင်မှု တွေဖြစ်တဲ့ အေတီအမ်ငွေထုတ် ပီအိုအက်စ် (Point of sale) မှာ ငွေပေးချေတာတွေ မကတော့ဘူး ကတ်တူကတ် (Card to Card) အကောင့်တူအကောင့် (account to account) အကောင့်တူ ကတ် (account to card) လုပ်နိုင်အောင် ဗဟိုဘဏ်နဲ့ ညှိနှိုင်းပြီးဆောင်ရွက်မယ်” လို့ ဆိုပါတယ်။

ငွေပေးချေမှု စနစ်ကို အဆင့်မြှင့်တင်ပြီးပါက ငွေပေးချေကတ်သုံးသူတွေဟာ တစ်ဘဏ်ချင်းစီရဲ့ ဝန်ဆောင်မှုကို သီးခြားအသုံးပြုစရာ မလိုတော့ဘဲ အဖွဲ့ ဝင်ဘဏ်အားလုံးအတွက် ဒီစနစ်တစ်မျိုးတည်းနဲ့ သုံးနိုင်တော့မှာ လို့ လည်း သိရပါတယ်။ MPU ဟာ အာရှငွေပေးချေမှု ကွန်ရက် Asia Payment Network ထဲကို ဝင်ရောက်ဖို့ အတွက်လည်း နိုဝင်ဘာလကတည်းက ကြိုးပမ်းနေတာ ဖြစ်လို့ မကြာခင်မှာ နိုင်ငံတကာငွေပေးချေမှုများအတွက် MPU ကတ်ကို သုံးနိုင်တော့ဖို့ ရှိပါတယ်။

Photo & Source: Internet Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video