AD
AD
AD

 

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်မှာ အမေရိကန်နိုင်ငံသူ အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ ဦးကို ဧပြီလ ၂၇ ရက်က ဖမ်းဆီးခဲ့တယ်လို့ ချင်းမိုင်သတင်းစာက ဖော်ပြထားပါတယ်။

ချင်းမိုင်က ဒွိုင်စကပ် ပြည်နယ်မှာ ဒမ်၊ ဒါအမ်နဲ့ နွဲ့ လို့ ဖော်ပြထားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား သုံးယောက်ကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

play

 

ချင်းမိုင်ကို သူမရဲ့ အမျိုးသားအဖော်နဲ့ လာတဲ့အမျိုးသမီးက မြန်မာလုပ်သားသုံးဦးနဲ့ အတူ အရက်သောက်နေခဲ့တာဖြစ်ပြီးတော့ အိမ်သာကို သွားတဲ့အချိန်မှာ အမျိုးသားသုံးဦးက သူမနောက်ကို လိုက်လာပြီး အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ထွက်ဆိုခဲ့ပါတယ်။

စတိုးဆိုင်ပိုင်ရှင်ကတော့ သူမနဲ့ သူမအဖော်တို့က အရက်ဝယ်ပြီး တော့ မြန်မာအမျိုးသားသုံးဦးနဲ့ တွေ့ကြတယ်လို့ ဆိုပါတယ်။

သူတို့ထဲက နိုင်းဒမ်ဆိုသူရဲ့ ပြောပြချက်မှာတော့ သူတို့ဟာ အဆိုပါအမေရိကန်သူကို မုဒိမ်းကျင့်တာ မဟုတ်ရကြောင်း၊ ယမန်နေ့ညက

ဒါကြောင့် ဘောင်းဘီတိုပြတ်ဝတ်ဆင်ထားတဲ့ အမျိုးသမီးကို ကိုင်တွယ်ရိပါးခဲ့ကြကြောင်း၊  အမျိုးသမီးကအပေါ့သွားဖို့ နောက်ဘက်ထွက်သွားစဉ် သူတို့လည်း အနောက်ကလိုက်လာခဲ့ပြီး အမှောင်တနေရာရောက်တော့ အနီးရှိမန်ကျည်းပင်အောက်ကို ဆွဲခေါ်ကာ တလှည့်စီ လိင်ဆက်ဆံခဲ့ကြောင်း၊ သူတို့ပြုမူတာတွေကို အမျိုးသမီးက ဘာမှတုံ့ပြန်ငြင်းဆန်မှုမပြုကြောင်း၊ ဒါပေမယ့် ကျေးရွာလုံခြုံရေးအဖွဲ့တွေက လက်နှိပ်ဓာတ်မီးထိုးပြီး ၀င်ရောက်လာတဲ့အခါမှာ အမျိုးသမီးက အော်လိုက်သလို သူတို့လည်း ထွက်ပြေးခဲ့ကြကြောင်း၊ နိုင်းနွဲ့က အရင်ဆုံး အဖမ်းခံရပြီး သူတို့က နောက်မှ အဖမ်းခံရတာလို့ ထွက်ဆိုသွားပါတယ်။

သူတို့ သုံးဦးကအုပ်စုဖွဲ့ မုဒိမ်းကျင့်မှုနဲ့ ထောင်ဒဏ် ၂၀ နှစ်နဲ့ ဒဏ်ငွေ ဘတ်သုံးသောင်းကနေ လေးသောင်းအထိ အများဆုံးကျခံနိုင်တယ်လို့ ဆိုပါတယ်။

Credit - Chingmai News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD