AD
AD
AD
play

 

ကြိုးမဲ့အင်တာနက် ၀န်ဆောင်မှုပေးနေတဲ့ Myanmar Net က ရန်ကုန်တစ်မြို့လုံးမှာ အင်တာနက်အသုံးပြုလို့ရအောင် ဆောင်ရွက် သွားမယ်လို့ ကုမ္ပဏီ ဒုဥက္ကဋ္ဌဦးမင်းသိမ်းက ပြောလိုက်ပါတယ်။

Myanmar Net အင်တာနက်ကုမ္ပဏီက သြဂုတ် ၁၃ ရက်မှာ ပန်းဘဲတန်းမြို့နယ်အတွက် ကွန်ရက်တိုးချဲ့နိုင်ခဲ့ပြီး လသာ၊ လမ်းမတော်၊ ပန်းဘဲတန်းနဲ့ ရန်ကင်းမြို့နယ်ရဲ့ တချို့နေရာတွေမှာ Myanmar Net ကွန်ရက်ကို အသုံးပြုနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

play

 

‘‘ကျွန်တော်တို့ဝန်ဆောင်မှု ကို ရန်ကုန်တစ်မြို့လုံး လွှမ်းခြုံနိုင်ဖို့အတွက် ကြိုးစားနေပါတယ်။ Myanma Net  ငွေဖြည့်ကတ်တွေ အလွယ်တကူ ၀ယ်လို့ရအောင် အရောင်းကိုယ်စားလှယ်တွေလည်း ခန့်အပ်ထားပါတယ်’’လို့ MyanmarNet ဒုတိယဥက္ကဋ္ဌ ဦးမင်းသိမ်းက ပြောပါတယ်။

Myanmar Net ၀န်ဆောင်မှုကို ၂၀၁၅ ဒီဇင်ဘာက လမ်းမတော်နဲ့ လသာမြို့နယ်တွေမှာ စတင်မိတ်ဆက်ခဲ့ပြီး နည်းပညာကျွမ်းကျင်ပညာရှင် မြန်မာလူငယ် ၃၀၀ ကျော်ခန့်အပ်ထားတယ်လို့ ဆိုပါတယ်။

Source : 7DayDaily

Photos : 7DayDaily,my net

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD