play

 

Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇူလိုင်လ ၃၀ ရက်ညပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။
ကိုဆွေဝင်းကို အမျိုးသားရေးဆရာတော် ဦးဝီရသူရဲ့ တပည့်ဖြစ်သူ မဘသအဖွဲ့ဝင်ဟောင်း ဦးကျော်မျိုးရွှေက မတ်လတုန်းက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ထားလို့ ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ သိရပါတယ်။

ကိုဆွေဝင်းကအသုံးပြုတဲ့ Ba Kaung အမည်နဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ‘ဝီရသူပါရာဇိကကျပြီး ရဟန်းဘဝနိဋ္ဌိတံ သွားပြီဖြစ်ကြောင်း သိရပါတယ်။ ပါရာဇိကကျတာ ခုမှကျတာတော့ မဟုတ်လောက်ဘူး’ စတဲ့ ခေါင်းစဉ်စာသားတွေနဲ့ အတူ ဦးဝီရသူဓာတ်ပုံတွေကို ရေးသားဖော်ပြခဲ့တာကြောင့် ဦးကျော်မျိုးရွှေက မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ် (၇) နယ်မြေ ရဲစခန်းမှာ ၂၀၁၇ မတ်လ ၇ ရက်က အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

အမှုဖွင့်ထားတာ လေးလလောက်ကြာပြီးမှာ ဇူလိုင် ၃၀ ရက် ညမှပဲ ကိုဆွေဝင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ရိုက်တာသတင်းဌာနကိုသွားဖို့ မင်္ဂလာဒုံလေဆိပ်သို့ အရောက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

play

 

‘‘ကိုဆွေဝင်းက Myanmar Now ကို ဖွဲ့ပေးထားတဲ့ ဘန် ကောက်ရိုက်တာရုံးကို အလုပ် တွေ လွှဲပြောင်းပေးဖို့သွားတာကို တိမ်းရှောင်တယ်လို့ ထင်ပြီး သဘောတူညီမှုရပြီးတော့မှ မဟာအောင်မြေစခန်းကနေ ဖမ်းဆီးပေးဖို့ ဒီကိုအကြောင်းကြားလို့ ဖမ်းလိုက်တာဖြစ်တယ်။ ဘန် ကောက်က တစ်ရက်ခရီးဖြစ် တော့ ကိုဆွေဝင်းက ရုံးချိန်းမီ အောင် သြဂုတ် ၁ ရက်မှာ ပြန် လာဖို့ စီစဉ်ပြီးသားပါ’’လို့ Myanmar Now အယ်ဒီ တာ ဦးဇာနည်ဝင်းက ပြောပါတယ်။

ကိုဆွေဝင်းက တရားစွဲဆို အမှုဖွင့်ခံရတာနဲ့ ပတ်သက်ပြီး ဧပြီ ၃ ရက်မှာ သာသနာရေးဦးစီးဌာနက သဘောထားမှတ်ချက်တောင်းခံခဲ့ကာ သာသနာရေးဝန်ကြီးဌာနက အချက်ခုနစ်ချက်ပါဝင်တဲ့ အကြောင်းပြန်စာကို ဧပြီ ၅ ရက်ကပြန်လည်ပေးပို့ခဲ့ပြီး သာသနာရေးဝန်ကြီးဌာနက ကိုဆွေဝင်းသည် ဦးဝီရသူကို အသရေဖျက်ရာမရောက်ကြောင်း ဖော်ပြထားပါတယ်။

Source : 7DayDaily

Photos :  DVB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video