AD
AD
AD
play

 

ဒီနေ့ (ဧပြီလ ၁၀) မနက်ပိုင်းက မြောင်းမြမြို့ကိုရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြတ်ကျသွားတဲ့ မြောင်းမြကြိုးတံတားဘေးမှာ တည်ဆောက်နေတဲ့ မြောင်းမြတံတားသစ်ကို တစ်နှစ်အတွင်းအပြီးတည်ဆောက်ဖို့ တိုက်တွန်း လိုက်ပါတယ်။

ပြတ်ကျသွားတဲ့ မြောင်းမြကြိုးတံတားကို သွားရောက်ကြည့်ရှု့ရင်း တံတာအသစ်လုပ်ငန်းရှင်းလင်းဆောင်မှာ တံတားတည်ဆောက်ရေး လုပ်ငန်းလုပ်ကိုင်မယ့် ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို မှာကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တံတားပြတ်ကျမှုမှာ ပါဝင်ပြီးသေဆုံးသွားတဲ့ ကြက်စာတင်ကားမောင်းသူနဲ့ ယာဉ်နောက်လိုက်တို့ရဲ့ ဇနီးဖြစ်သူတွေကို တွေ့ဆုံပြီး အားပေးစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်း ပြတ်ကျခဲ့တဲ့ မြောင်းမြကြိုးတံတားဘေးမှာတည်ဆောက်နေတဲ့ တံတားအသစ်က ဆောက်လုပ်ရေး စီမံကိန်းက သုံးနှစ်စီမံကိန်းဖြစ်ပေမယ့် တစ်နှစ်အတွင်းမှာ အပြီးတည်ဆောက်ဖို့ တံတားပြတ်ကျမှုနဲ့ ပတ်သက်တဲ့ထုတ်ပြန်ချက်မှာ ကြေညာထားပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ရန်ကုန်-အိမ်မဲ-မြောင်းမြ-လပွတ္တာကားလမ်းပေါ်က ဘုရားချောင်းကျေးရွာနဲ့ ကွယ်လွယ်ကျေးရွာသို့ ဆက်သွယ်ထားတဲ့ အလျား ၁၄၅ဝ ပေ၊ အကျယ် ၂၈ ပေရှိ မြောင်းမြကြိုးတံတားက ဧပြီလ ၁ ရက် မနက် ၂ နာရီလောက်မှာ သံမဏိကြိုးဆိုင်း တွေ ပြတ်ကျပြီး ရွေးမြစ်ထဲကို ပြုတ်ကျမှု ဖြစ်ပွားခဲ့တာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD