play

 

သြဂုတ်လကုန်မှာ ကျင်းပမယ့်  ၂၁ ရာစု ပင်လုံညီလာခံကို NCA လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တက်ရောက်ခွင့်ပြုဖို့ အပါအဝင် အဓိကအချက်လေးချက်ကို UPD JC အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

သဘောတူစာချုပ်(NCA)မရေးထိုးရသေးတဲ့အဖွဲ့တွေကို နိုင်ငံရေးအရပါဝင်ဖွဲ့စည်းဖို့ သဘောတူဆုံးဖြတ်ခဲ့ပြီး အားလုံးပါဝင်ခွင့်ရရှိဖို့ အတွက် ‘ညီလာခံကိုယ်စားလှယ်များ’ဆိုတဲ့ အသုံးအနှုန်းအစား ‘ညီလာခံ တက်ရောက်သူများ’လို့ ပြောင်းလဲအသုံးပြုဖို့ အတည်ပြုခဲ့တယ်လို့ ပင်လုံအကြိုပြင်ဆင်ရေး ကော်မတီအတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောပါတယ်။

ညီလာခံကိုယ်စားလှယ်လို့ သုံးနှုန်းရင် NCA မှာမပါဝင်တဲ့ အဖွဲ့တွေအပေါ် ခွဲခြားတဲ့ သဘောသက်ရောက်နိုင်ပြီး အားလုံးတန်းတူ ရှိစေလိုတာကြောင့် ‘ညီလာခံတက်ရောက်သူများ’လို့ ပြောင်းလဲသုံးနှုန်းတာဖြစ်ပြီး ၂၁ ရာစု ပင်လုံညီလာခံကို သြဂုတ် ၃၁ ရက်က စပြီး ငါးရက်ကြာ ပြုလုပ်ဖို့နဲ့ ခြောက်လတစ်ကြိမ် ညီလာခံ အစည်းအဝေးကျင်းပဖို့  သဘောတူခဲ့တယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : Hein Htet (EPA)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video