Local News: တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ရန် NCA လက်မှတ်အမြန်ထိုးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

နိုဝင်ဘာ ၂၃ရက်မှာပဲ KIO/KIA က သတင်းထုတ်ပြန်ခဲ့ပါတယ်။

play

 

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံးချုပ်ငြိမ်းဖို့၊ အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လာဖို့နဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)မှာ အမြန်ဆုံးလက်မှတ်ထိုးဖို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

  ‘‘ရှမ်းပြည်နယ်အရှေ့မြောက်ဒေသတွင် ဖြစ်ပွားနေသောလက်နက် ကိုင်ပဋိပက္ခများအမြန်ဆုံး ချုပ်ငြိမ်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမြန်ဆုံးပါဝင်နိုင်ရေး၊ NCAတွင် အမြန်ဆုံးလက်မှတ်ထိုးပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း နှစ်ဦးနှစ်ဖက် ချိုးဖောက်မှုများ မရှိစေရေးအတွက် စောင့်ကြည့်ဖြေရှင်းသည့် ယန္တရားများ ပိုမိုခိုင်မာလာစေရန်အတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့်အတူ ၀ိုင်းဝန်းဆွေးနွေး နည်းလမ်းရှာဖွေရေး၊ ပြည်သူအများ မျှော်လင့်တောင့်တနေသော ငြိမ်းချမ်းရေးပန်းတိုင်ကို အရောက်လှမ်းနိုင်ရေး၊ ၂၀၁၇ ဖေဖော်ဝါရီလအတွင်း ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ ခံ ၂၁ရာစုပင်လုံဒုတိယအစည်းအဝေးတွင် တန်းတူရည်တူပါဝင်နိုင်ရေးစသည်တို့ကို ရှေးရှုလျက်ငြိမ်း ချမ်းရေးခရီးကို အတူတကွ လက်တွဲ၍ လျှောက်လှမ်းကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါ သည်’’ လို့  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ပါဝင်ပါတယ်။

နိုဝင်ဘာ ၂၃ရက်မှာပဲ KIO/KIA က သတင်းထုတ်ပြန်ခဲ့ပြီး  ရှမ်းပြည်မြောက်ပိုင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ ကန့်သတ်စစ်သာဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေဖို့ ရည်ရွယ်ခြင်း မဟုတ်ဘူးလို့ ကြေညာထားပါတယ်။

တပ်မတော်က တိုင်းရင်းသားဒေသအနှံ့မှာ သာလွန်အင်အားအသုံးပြုကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် မြောက်ပိုင်းဒေသရှိ KIA၊ AA၊ MNDAA နဲ့ TNLA တို့က စစ်ရေးနဲ့ ဖိအားပေးမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ စုပေါင်းကာ ကန့်သတ်စစ်ဆင်နွှဲရခြင်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ