Local News: အကြမ်းဖက်အဖွဲ့သတ်မှတ်ခြင်းအပေါ် NCA ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေက ဆန့်ကျင်ကန့်ကွက်

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နေမှုများကို ထိခိုက်စေနိုင်၍ ဆန့်ကျင်ကန့် ကွက်တယ်။

play

 

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို  အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ဖို့ ဆောင်ရွက်နေမှုတွေကို ဆန့်ကျင်ကန့်ကွက်ကြောင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့က သဘောထား ထုတ်ပြန်ကြေညာလိုက်ပါတယ်။

NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့မှ ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) နဲ့လုပ်ငန်းအဖွဲ့ (CT) တို့ရဲ့ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့မှာ  ဒီဇင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်က ကျင်းပခဲ့ပြီး  ယခုလိုသဘောထားထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

"မည်သည့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနှင့် ခေါင်းဆောင်ကိုမဆို အကြမ်းဖက်အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန်ဆောင်ရွက် နေမှုများသည် လက်ရှိကြိုးပမ်းနေသော အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နေမှုများကို ထိခိုက်စေနိုင်၍ ဆန့်ကျင်ကန့် ကွက်တယ်"လို့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးကို KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ PNLO ဦးဆောင် နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ALP ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ KNU/KNLA-PC အတွင်းရေးမှူး ဆရာမ နော်ကပေါ်ထူး၊ DKSBA မှ ဗိုလ်ချုပ်စောမိုရှေးတို့တက်ရောက်ခဲ့ပြီး RCSS၊ CNF နှင့် ABSDF တို့မှ ခေါင်း ဆောင်တွေ တက်ရောက်နိုင်ခြင်းမရှိဘဲ ကိုယ်စားလှယ်တွေသာ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ