AD
AD
AD
play
မိုင်းလားဒေသ မြင်ကွင်း။

 

ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ မိုင်းလားတပ်ဖွဲ့တို့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် အန်စီအေကို လက်ခံလိုက်ပြီလို့ ငြိမ်းချမ်းရေးကော်မရှင်ကနေ သိရပါတယ်။

ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်တဲ့ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေက အန်စီအေကို လက်မခံဘဲ အန်စီအေ ပြင်ပလမ်းကိုသွားမယ်လို့ ၂၀၁၇ ခုနှစ်က ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။

ဒီလို NCA စာချုပ်ကို လက်ခံဖို့ အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့အကြား တရုတ်အထူးကိုယ်စားလှယ် မစ္စတာစွန်းကော်ရှန်းက ကြားဝင် စေ့စပ်ညှိနှိုင်းပေးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဒုတိယပင်လုံညီလာခံကို မြောက်ပိုင်းတပ်ဖွဲ့ ကိုယ်စားလှယ်တွေ တက်နိုင်ခဲ့အောင်လည်း အဆိုပါ တရုတ်ကိုယ်စားလှယ်က ညှိနှိုင်းပေးခဲ့တာ ဖြစ်ပါတယ်။

play

 

တစ်​နိုင်​ငံလုံး ပစ်​ခတ်​တိုက်​ခိုက်​မှုရပ်​စဲ​ရေး သ​ဘောတူစာချုပ်​ (NCA) ကို မွန်​ပြည်​သစ်​ပါတီနဲ့ လားဟူဒီမိုကရက်​တစ်​အစည်းအရုံးတို့က နောက်ဆုံး လက်​မှတ်​​ရေးထိုးထားပြီး လက်ရှိအချိန်မှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က ပါဝင် လက်မှတ်ရေးထိုးထားပြီး ပြီးဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် ‘၀’ ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSA)၊ မိုင်းလားအဖွဲ့ (NDAA) နှင့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင် (PC) တို့ ၂၀၁၇ ခုနှစ် အောက်တိုဘာလထဲမှာ နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့ဘူးပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD