play

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ သူမရှိလည်း  ရှေ့ဆက်သွားနိုင်စွမ်းရှိတယ်လို့  ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

7Day Daily ရဲ့ ဖော်ပြချက်အရ ဂျပန်နိုင်ငံသို့ ရောက်ရှိစဉ် တိုကျို မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ   ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ်ပြီး သူမရှိရင် အင်န်အယ်ဒီကို ဦးဆောင်နိုင်မယ့်သူမရှိဘူးဆိုတာကို သဘောမတူဘူးလို့ ဆိုပါတယ်။

သူမရှိရင် အင်န်အယ်လ်ဒီဘာဖြစ်မလဲဆိုတာကို မကြာခဏအမေးခံရကြောင်း၊ အင်န်အယ်လ်ဒီကို ဦးဆောင်နိုင်မယ့်သူမရှိဘူးဆိုတာမျိုးကို မေးကြကြောင်းနဲ့ ဒါကို သူသဘောမတူဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတာ ဖြစ်ပါတယ်။

သူ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အင်န်အယ်လ်ဒီ ပါတီဟာ ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ ရှေ့ဆက်သွားနိုင်မယ်ဆိုတာ သေချာတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောထားကြောင်း သိရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video