Local News: NLD အစိုးရလက်ထက် ဒုဝန်ကြီးတစ်ဦးကို ပထမဆုံးအကြိမ် ရာထူးကရပ်စဲ

, updated

လယ်ဆည်ဒုဝန်ကြီး ဦးထွန်းဝင်းကို ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။

play

 

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ ဒေါက်တာထွန်းဝင်းကို လုပ်ငန်းတာဝန်ကနေ ရပ်စဲလိုက်တယ်လို့ ဒီနေ့ထုတ်ဝေတဲ့  နိုင်ငံပိုင်သတင်းစာတွေမှာ ကြေညာခဲ့ပါတယ်။

ဒေါက်တာထွန်းဝင်းကို နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်အမှတ်/၂၀၁၆ နဲ့ တာဝန်ကနေ ရပ်စဲကြောင်း ကြေငြာလိုက်တာက အစိုးရသစ်သက်တမ်း ရှစ်လကျော်အတွင်း ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တစ်ဦးကို ပထမဆုံးအကြိမ်အဖြစ် တာဝန်ကနေ ရပ်စဲလိုက်လည်း ဖြစ်ပါတယ်။

“ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၃၅၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၁)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၉၊ ပုဒ်မခွဲ(က)တို့ပါ ပြဌာန်းချက်များအရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းကို တာဝန်မှရပ်စဲလိုက်သည်” လို့ နိုင်ငံတော်သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒေါက်တာထွန်းဝင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် အမိန့်ကြော်ငြာစာအမှတ် ၃၆/၂၀၁၆နဲ့ သမ္မတဦးထင်ကျော်က မေလ ၂ရက်မှာ စတင်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

Source : Photos : Mizzima

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ