Local News: NLD လွှတ်တော်ကိုယ်စားလှယ် သုံးဦးကို တာဝန်ကနေ ရပ်ဆိုင်း

စည်းကမ်းဖောက်ဖျက်လို့ ပါတီကပေးအပ်ထားတဲ့ တာဝန်အသီးသီးကနေ ရုပ်သိမ်းလိုက်တာပါ။

play

 

NLD က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါက်တာစိုးမိုးသူ၊ ဦးဥာဏ်လင်းနဲ့ ဦးစိန်ဝင်းတို့ကို ပါတီစည်းကမ်းဖောက်ဖျက်တဲ့အတွက် ပါတီကပေးအပ်ထားတဲ့ တာဝန်အသီးသီးကနေ ရုပ်သိမ်းလိုက်တယ်လို့ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွင်းရေးမှူး အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်။

"ဦးစိန်ဝင်းကလည်း သူ့ကဏ္ဍနဲ့သူ၊ ဒေါက်တာစိုးမိုးသူကလည်း သူ့ကဏ္ဍနဲ့သူ၊ သူတို့အသီးသီး ပါတီစည်းကမ်းဖောက်ဖျက်တာတွေကို အရေးယူလိုက်တာ၊ ပါတီတာဝန်တွေကို ရုပ်သိမ်းလိုက်တာ ပါတီကတော့မထုတ်ပါဘူး"လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူကို လူမှုရေးကိစ္စနဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်မှုတွေ ပျံ့နှံ့နေခဲ့သလို ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဥာဏ်လင်းက ရွှေပြည်သာမိုတယ်မှာ ပြဿနာဖြစ်ပွားပြီး မိုတယ်မန်နေဂျာက ဆဲဆိုမှု၊ ခြိမ်းခြောက်မှုတွေနဲ့ အမှုဖွင့်ခံထားရတာ ဖြစ်ပေမယ့်  NLD ဘက်ကတော့ အခုလိုအရေးယူရတဲ့ အကြောင်းအရင်းတွေကို အသေးစိတ်ထုတ်ဖော်ပြောဆိုတာတွေ မရှိသေးပါဘူး။

 

Source & Photo : NLD

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ