AD
AD
AD
play

 

ဘဏ်ဝန်ထမ်းတစ်ဦးနဲ့ လူမှုရေးပြသနာတွေ ပေါ်ပေါက်ခဲ့တဲ့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြ ည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော်ကို ပါတီတာဝန်တွေကနေ ရပ်နားလိုက်တယ်လို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက The Voice သတင်းစာကို ပြောပါတယ်။

“ကျွန်တော်သိတာကတော့ ပါတီတာဝန်တွေ ရပ်ဆိုင်းတယ်ဆိုတာ သိတယ်။ ဗဟိုရုံးချုပ်ကစာက တိုင်းအလုပ်မှုဆောင် ဥက္ကဋ္ဌ ဦးသိန်းဇော်ထံကို စာဝင်တယ်။ အဲ့စာအတိုင်းပဲ ပါတီတာဝန်တွေကို ရပ်ဆိုင်းလိုက်တယ်။ ဒါပဲ ကျွန်တော် သိတယ်”လို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါတ်တာအောင်မိုးညိုက The Voice သတင်းဌာနကို ပြောခဲ့ပါတယ်။

ဦးနေမျိုးကျော်ကို ပါတီတာဝန်တွေ ရပ်ဆိုင်းလိုက်တာက ပါတီလုပ်ပိုင်ခွင့်အရ ဆောင်ရွက်ခဲ့တာဖြစ်ပြီး လက်ရှိအစိုးရအဖွဲ့နဲ့ သက်ဆိုင်တဲ့ အစိုးရ အဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့ပဲ သက်ဆိုင်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော်ကို ပါတီတာဝန် တွေကနေ ရပ်ဆိုင်းလိုက်တဲ့အပေါ် ကာယကံရှင်ထံ The Voice သတင်းစာက ဆက်လက် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဦးနေမျိုးကျော်က ဖြေရှင်းချက် မပေးခဲ့ဘူးလို့ သိရပါတယ်။

Source : The Voice

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD