AD
AD
AD
play

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေအနေနဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွေ၊ ကိုယ်ပိုင်အကောင့်တွေနဲ့ ကိုယ်ပိုင်ပေ့ခ်ျတွေကို သုံးစွဲခွင့်ရှိပေမယ့် သုံးစွဲသူရဲ့ပို့စ်တွေ၊ ပြန်လည်မျှဝေမှုတွေ (Share), Like, Comment တို့ကို ပါတီရဲ့ ပုံရိပ်နဲ့ ဂုဏ်သိက္ခာကို မထိခိုက်အောင် သတိပြုပြီး သုံးစွဲဖို့ ပါတီဗဟိုပြန်ကြားရေး ကော်မတီက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ ဆောင်ရွက်ချက်တွေကို ပြည်သူတွေသိရှိစေဖို့ အွန်လိုင်းကနေ အချိန်နဲ့တစ်ပြေးညီ သတင်းထုတ်ပြန် နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဒီချုပ်ပါတီ ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး ဦးအေးကြူ (ခ) မုံရွာအောင်ရှင်က ပြောပါတယ်။

‘‘ကျွန်တော်တို့မူဝါဒတွေကို ထုတ်ပြန်ပြီးတဲ့နောက်မှာတော့ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက်မှာ ပြန်ကြားရေးကော်မတီတွေကို စတင်ဖွဲ့စည်းဖို့ ဆောင်ရွက်နေပါတယ်။ ပြီးရင် သူတို့ကို မီဒီယာ သင်တန်းတွေပေးဖို့ ဆောင်ရွက် သွားမယ်’’လို့ မုံရွာအောင်ရှင်က ပြောပါတယ်။

play
အမျိုးသားဒီမိုကရေအဖွဲ့ချုပ်၏ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာ။

 

ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အသီးသီးမှာ ဖွင့်လှစ်ထားတဲ့ ပါတီရဲ့ လူမှုကွန်ရက်စာမျက်နှာအမည်တွေကို ဗဟိုပြန်ကြားရေးကော်မတီက ချမှတ်ပေးတဲ့ ပုံစံအတိုင်း ဖွင့်ရမှာဖြစ်ပြီး ပြည်နယ်နဲ့ တိုင်း၊ ခရိုင်၊မြို့နယ် အလုပ်အမှုဆောင်အဖွဲ့တွေရဲ့ တရားဝင်လူမှုကွန်ရက် စာမျက်နှာတွေဖွင့်လှစ်ရာမှာ ဗဟိုပြန်ကြားရေးကော်မတီရဲ့ ကြီးကြပ်လမ်းညွှန်မှုကို လိုက်နာဖို့ ပြန်ကြားရေးဗဟိုကော်မတီမူဝါဒမှာ ရေးသားထားပါတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (ဗဟို)က အသုံးပြုနေတဲ့ အွန်လိုင်းပြန်ကြားရေး လမ်းကြောင်းတွေအားလုံးရဲ့ စကားဝှက် (Password) တွေကို ဗဟိုပြန်ကြားရေးကော်မတီဥက္ကဋ္ဌတွေကပဲ အဆင့်ဆင့်လွှဲပြောင်း ထိန်းသိမ်းထားရမယ်လို့ ထုတ်ပြန်ထားပါတယ်။

Source : 7DayDaily

Photos : NLD

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD