AD
AD
AD
play

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်က ပါတီကနေ နုတ်ထွက်စာတင်ထားပြီး ပါတီတာ ဝန်တွေ ဆက်လက်ထမ်းဆောင် ခွင့်ပြု၊ မပြု ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်တဲ့ အသက် ၇၇ နှစ်အရွယ်  ဦးဝင်းထိန်က ပြီးခဲ့တဲ့ဇန်နဝါရီလက သားဖြစ်သူ မင်္ဂလာဆောင်အပြီးမှာ သြစတြေးလျနိုင်ငံကို ထွက်ခွာသွားတာ ဖြစ်ပြီး NLD ပါတီ စီအီးစီအဖွဲ့ကိုလိပ်မူပြီး စာတစ်စောင်ပေးပို့ကာ ပါတီတာဝန်တွေ ဆက်လက် ဆောင်ရွက်ခွင့် ပြု၊ မပြု ဆုံးဖြတ်ပေးဖို့ ရေးသားထားတယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

NLD-CEC တစ်ဦးလည်းဖြစ်၊ ပါတီအတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးဝင်းထိန်က ဖေဖော်ဝါရီလထဲကပဲ အထက်ပါအတိုင်း အကြောင်းကြားစာ ပေးပို့ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

ဦးဝင်းထိန်က NLD ပါတီ စတင်တည်ထောင်ခဲ့တဲ့ ၁၉၈၈ ကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားအဖြစ် ၁၉၈၉ ကနေ ၁၉၉၅ ခုနှစ်ထိ ထောင်တစ်ကြိမ်ကျခဲ့ပြီး ၁၉၉၆ မှာ ထပ်မံဖမ်းဆီးခံရကာ ၂၀၀၈ ခုနှစ်က ပြန်လွတ်လာပြီး ၂၄ နာရီ မပြည့်ခင် ထပ်မံဖမ်းဆီးခံခဲ့ရလို့ ၂၀၁၀ မှ ပြန်လည်လွတ်မြောက်ခဲ့သူ ဖြစ်ပါတယ်။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ မိတ္ထီလာမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိပါဘူး။

NLD ပါတီခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အာဆီယံ-သြစတြေးလျအထူးထပ်သီးအစည်း အဝေးတက်ရောက်ဖို့ သြစတြေးလျနိုင်ငံကို ရောက်ရှိနေပြီး ခရီးစဉ်အတွင်း ဦးဝင်းထိန်နဲ့ တွေ့ဆုံဖို့ ရှိ၊မရှိ မြန်မာ့နိုင်ငံရေး လေ့လာသူတွေက စိတ်ဝင်စားနေပါတယ်။

Photos : NLD

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD