အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ရောက်ယှဉ်ပြိုင်တဲ့လွှတ်တော်ကိုယ်စားလှယ်အနိုင်ရရှိတယ်လို့ မဲရုံကနေသိပါတယ်။

တာမွေမြို့နယ် မဲဆန္ဒနယ်မှာ ပါဝင်ယှဉ်ပြိုင်ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဝင်ရောက်ယှဉ်ပြိုင်တဲ့လွှတ်တော်ကိုယ်စားလှယ်အနိုင်ရရှိတယ်လို့ မဲရုံကနေသိပါတယ်။

မဲစာရင်းအတိအကျမသိရသေးပေမယ့် NLD က ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းဦးတိုးဝင်းဟာမဲအမြောက်အများရရှိနေပါတယ်။

တာမွေမြို့နယ်မဲဆန္ဒနယ်ဟာ ဦးဝင်းမြင့် နိုင်ငံတော်သမ္မတဖြစ်သွားလို့ လစ်လပ်သွားသော မဲဆန္ဒနယ်လည်းဖြစ်ပါတယ်။

တာမွေမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် NLD ပါတီ အပါအဝင် နိုင်ငံရေးပါတီ ရှစ်ပါတီမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက် ယှဉ်ပြိုင်ကြပြီး တာမွေမြို့နယ်တွင် မဲပေး ပိုင်ခွင့်ရှိသူ ၉၉,၀၀၀ ကျော် ရှိကာ မဲရုံ ၁၃၂ ရုံ ရှိပါတယ်။

တာမွေမဲရုံတွင် မဲရေတွက်နေသည့်မြင်ကွင်း

တာမွေမြို့နယ် မဲဆန္ဒနယ်မှာ ဦးစီစီနော်ဂျာ(ပြည်ထောင်စုတိုင်းရင်းသားများဖက်ဒရယ် ဒီမိုကရေစီပါတီ)၊ ဦးဇင်အောင်(မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)၊ ဦးတိုးဝင်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)၊ ဦးထွန်းထွန်းဝင်း(ပြည်သူ့အလုပ်သမားပါတီ)၊ ဦးမျိုးဝင်းကျော်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ ဦးမြင့်ကြည်(ဒီမိုကရတစ်ပါတီ-မြန်မာ)၊ ဦးမြင့်ဆန်းထွန်း(မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ-MPD)နှင့် ဒေါ်သက်သက်အေး(ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)တို့ ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံကြတာပါ။

Share

Loading Next Article...
က္က