AD
AD
AD

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ  OK$ ကို မိုဘိုင်းငွေကြေးဝန်ဆောင်မှု ဆောင်ရွက်ဖို့ မှတ်ပုံတင်လက်မှတ် ထုတ်ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

play

 

သြဂုတ်လ ၃၁ ရက်နေ့ က ဒီမှတ်ပုံတင်လက်မှတ် ထုတ်ပေးခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ငွေရေးကြေးရေး အလုံးစုံပါဝင်မှု ( Financial Inclusion) လုပ်ငန်းစဉ် တိုးမြှင့်ဆောင်ရွက်ဖို့ နဲ့ ပြည်သူတွေအနေနနဲ့  မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုကို ကျယ်ပြန့်စွာရရှိစေဖို့ အင်တာနက်ဝေါလတ်(ထ်) မြန်မာလီမီတက် (Brand Name- OK$) ကို ဘဏ်မဟုတ်တဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းအဖြစ် မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ဖို့ မှတ်ပုံတင်လက်မှတ် ထုတ်ပေးခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။

 

အင်တာနက်ဝေါလတ်(ထ်) မြန်မာလီမီတက်ဟာ မြန်မာနိုင်ငံမှာ မိုဘိုင်း ငွေကြေးဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ တတိယမြောက် မှတ်ပုံတင်လက်မှတ်ထုတ်ပေးတဲ့ အဖွဲ့ အစည်းလည်း ဖြစ်ပါတယ်။ မိုဘိုင်းငွေကြေး ဝန်ဆောင်မှုအတွက် နိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့ မှာ Wave Money နဲ့ ၂၀၁၇ ဇူလိုင် ၂၆ ရက်နေ့ မှာ Ooredoo Myanmar Fintech Limited (M-Pitesan) တို့ ကို မှတ်ပုံတင်လက်မှတ် ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

Soure: Internet Journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD