play

 

အွန်လိုင်းပေါ်မှာ ဈေးရောင်းနေတဲ့ Online Shopping တွေက အပြင်မှာဆိုင်ခန်းဖွင့်ပြီးရောင်းချမယ့် Thadingyut Online Bazaar ကို လာမယ့် သီတင်းကျွတ်ကျောင်းပိတ်ရက်တွေဖြစ်တဲ့ အောက်တိုဘာလ ၃ ရက်ကနေ ၄ ရက်နေ့အထိ ရန်ကုန်မြို့လှည်းတန်းစင်တာမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Online Shopping တွေက ဆိုင်ခန်းပေါင်း ၂၀ ကျော်နဲ့ ပထမဆုံးအကြိမ်ရောင်းချမယ့် ဒီပြပွဲမှာ အွန်လိုင်းမှာ ရောင်းချနေတဲ့ အစားအသောက်တွေ၊ အလှကုန်တွေ၊ အ၀တ်အစားတွေအပါဝင် လူသုံးကုန်ပစ္စည်းတွေကို အဓိကရောင်းချပေးသွားမယ်လို့ သိရပါတယ်။

play

 

ဒီဈေးရောင်းပွဲတော်မှာ ပါဝင်ပြသမယ့်ဆိုင်ခန်းတွေက အထူးလျှော့ဈေးတွေနဲ့ရောင်းချပေးမှာဖြစ်လို့ သီတင်းကျွတ်ကာလမှာ လူကြီးမိဘကို ကန်တော့ဖို့ ပစ္စည်းတွေ၊ ကန်တော့လို့ ရတဲ့မုန့်ဖိုးတွေကို သုံးမယ်လို့ စိတ်ကူးရှိတယ်ဆိုရင်တော့ လှည်းတန်းစင်တာအရောက်လာခဲ့ဖို့ ဖိတ်ခေါ်ထားပါတယ်။

 

Thadingyut Online Bazaar မှာ Online Shopping လုပ်ကိုင်နေတဲ့သူတွေ၊ တနိုင်တပိုင်အိမ်တွင်း စီးပွားရေးလုပ်နေတဲ့သူတွေ၊ Stock လက်ကျန်တွေကို Discount နဲ့ရောင်းချချင်တဲ့သူတွေ၊ အွန်လိုင်းနဲ့ ဆက်စပ်လုပ်ငန်းလုပ်ကိုင်သူတွေ ပါဝင်ပြသနိုင်တယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video