AD
AD
AD

စက်တင်ဘာလ ၁၉ ရက်နေ့ မှာ ကျင်းပမယ့် Myanmar Connect 2017 အခမ်းအနားမှာ Ooredoo မှ M-ပိုက်ဆံစနစ်ကို စတင်မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

play

 

ဒီအခမ်းအနားမှာ ကမ္ဘာ့အဆင့်မီ ငွေကြေးဝန်ဆောင်မှု စနစ်ဖြစ်တဲ့ M-ပိုက်ဆံအကြောင်း သတင်းစာရှင်းလင်းပွဲကို ထည့်သွင်း ပြုလုပ်သွားမှာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။ Ooredoo ဟာ မိုဘိုင်း ငွေကြေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မှတ်ပုံတင်ရထားတဲ့ ကုမ္ပဏီသုံးခုထဲက တစ်ခုလည်း ဖြစ်ပါတယ။်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ်ကို ၂၈.၉.၂၀၁၆. ရက်မှာ Digital Money Myanmar Ltd (Wave Money)  ကနေ စတင်ပေးအပ်ခဲ့တာပါ။ ၂၆-၇-၂၀၁၇ ရက်မှာတော့ Ooredoo Myanmar Fintech Limited (M-Pitesan) ကို မိုဘိုင်းငွေကြေး လုပ်ဆောင်ဖို့ မှတ်ပုံတင်ထုတ်ပေးခဲ့တယ်လို့ လည်း သိရပါတယ်။

 

တတိယမြောက်မိုဘိုင်း ငွေကြေး လုပ်ငန်းမှတ်ပုံတင်ရခဲ့တဲ့ အဖွဲ့ အစည်းကတော့ အင်တာနက်ဝေါလတ်(ထ်) မြန်မာလီမီတက် (Brand Name- OK$) ဖြစ်ပါတယ်။

Source: Internet Journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD