Oppo နဲ့ Ooredoo Myanmar တို့ ပူးပေါင်းပြီး အထူးအစီအစဉ်တစ်ရပ်အဖြစ် Oppo ဖုန်းသစ် ဝယ်သူများအတွက် တစ်လကို ဒေတာ 2GB အထိ ခြောက်လဆက်တိုက် ရရှိမယ့် အစီအစဉ်တစ်ခုကို စတင်လိုက်ပြီ ဖြစ်ပါတယ်။

play

 

Ooredoo ရဲ့ မြန်နှုန်းမြှင့် 4G ကွန်ရက်စနစ်နဲ့ data package plan သစ်တို့ ကို Oppo A37 နဲ့ Oppo A57 စမတ်ဖုန်း ဝယ်သူများ သုံးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ Oppo ထုတ် ဒီစမတ်ဖုန်းနှစ်မျိုးကို ဝယ်ယူသူများဟာ Ooredoo SIM card တစ်ခုစီ အခမဲ့ ရရှိသွားမှာ ဖြစ်တဲ့အပြင် Ooredoo မှ ပေးမယ့် 2GB အင်တာနက်ဒေတာကို တစ်လ၅၀၀၀ ကျပ်သွင်းပြီး ၆ လဆက်တိုက် (12GB အထိ) ရရှိသွားမှာ ဖြစ်ပါတယ်။

မိုဘိုင်းလ်ဖုန်းသုံးစွဲမှု မြင့်တက်လာနေတဲ့ မြန်မာနိုင်ငံအတွက် Oppo ဟာ ယခင် 3G ကွန်ရက်သုံး စမတ်ဖုန်းများအပြင် Ooredoo ရဲ့ 4G ကွန်ရက်သစ် ချိတ်ဆက်နိုင်တဲ့ Oppo F3 Plus ၊ F3 ၊ A57 ၊ A39 နဲ့ A37 တို့ ကိုလည်း ဖြန့် ချိလာပါတယ်။

Photos & Source: Internet Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video