AD
AD
AD
play

 

နိုင်ငံတော်လျို့ဝှက်ချက်များ အက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုသက်ဦးမောင်(ခ)၀လုံးနဲ့ ကိုကျော်စိုးဦး (ခ)မိုးအောင်တို့နှစ်ဦးကို အမေရိကန်အခြေစိုက် ပန်အမေရိကန်ဖောင်ဒေးရှင်းက PEN/Barbey Freedom to Write Award ဆုချီးမြှင့်​ခဲ့တယ်လို့ သိရပါတယ်။

PEN/Barbey Freedom to Write Award ဆုကို လွပ်လပ်စာပြောဆိုထုတ်ဖော်ရေးသားမှုကြောင့် အကျဉ်းကျခံနေရသူများကို ရည်ရွယ်ပေးအပ်နေတာဖြစ်ပြီး အဆိုပါသတင်းထောက်နှစ်ဦးက ရခိုင်ပြည်နယ်က ပြန်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စည်းရုံးပြီး အရေးကြီးလုံခြုံရေး စာရွက်စာတမ်း အထောက်အထားတွေကို ပြည်ပသတင်းဌာနတွေကို ပေးပို့ဖို့ ရည်ရွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောက်ကြန့်နယ်မြေ ရဲစခန်းမှာ ဒီဇင်ဘာလ ၁၂ နေ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ်၊ အင်းဒင်ကျေးရွာမှာတွေ့ရှိခဲ့တဲ့ ဘင်္ဂါလီ ရုပ်အလောင်းဆယ်လောင်းနဲ့ ပတ်သက်ပြီး သတင်းထောက် ကိုသက်ဦးမောင်(ခ)၀လုံးနဲ့ ကိုကျော်စိုးဦးတို့ ပေးပို့ခဲ့တဲ့ဖြစ်စဉ် အပြည့်အစုံကို ရိုက်တာသတင်းဌာနက ထုတ်ပြန်ခဲ့ပါသေးတယ်။

ဒီနေ့ (ဖေဖော်ဝါရီလ ၁၄ ) မနက်ပိုင်းကလည်း နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ရိုက်တာသတင်းဌာနရဲ့ မြန်မာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ မြောက်ပိုင်းခရိုင်တရားရုံးမှာ ခြောက်ကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။

Photos : Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD