AD
AD
AD

 

ရိုက်တာ သတင်းထောက်နှစ်ဦးကို ထောင်ချောင်ဆင်ဖမ်းတယ်လို့ ၀န်ခံထွက်ဆိုခဲ့တဲ့ ဒုရဲမှုး မိုးရန်နိုင်ကို ရဲစည်းကမ်းထိန်းသိမ်းရေးဥ့ပဒေနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်နှစ်ချမှတ်ခဲ့တယ်လို့  သိရပါတယ်။

ရဲတရားရုံးကနေပြီး ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေ ၁၆(ခ)/၂၂ နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်နှစ်ချမှတ်ခံရတာဖြစ်ပါတယ်။ အဲ့ဒါတွေက အမိန့်နာခံရန် ပျက်ကွက်တာနဲ့ ရဲစည်းကမ်းကို ထိခိုက်အောင် ပြုလုပ်လျှင် (သို့) ပျက်ကွက်လျှင် အရေးယူတဲံ ပုဒ်မဖြစ်တယ်လို့ သိရပါတယ်။

play

 

“သူ့ကိုကျတော့ မဟုတ်ဘဲနဲ့ အရေးယူခဲ့တာပဲ ။ရဲမှုးကြီးတင်ကိုကိုကို ဘာလို့ အရေးမယူတာလဲ လို့ မေးချင်တယ်။ကျွန်မတို့ ကလက်ရှိတော့ မိဘအိမ်မှာ ပြန်နေပါတယ်။ ”လို့ ဒုရဲမှုးမိုးရန်နိင်ရဲ့ ဇနီးဖြစ်သူဒေါ်တူးတူးကေ ပြာပါတယ်။

ဒုရဲမှုးမိုးရန်နိုင်က သူဝန်ခံထွက်ဆိုခဲ့တဲ့ ထွက်ဆိုချက်နဲ့ ပါတ်သတ်ပြီးတော့မယုံကြည်ရတဲ့ သက်သေအဖြစ် ကြေငြာဖို့ တရားလို ရှေ့နေတွေဘက်က တင်သွင်းထားတာလည်းဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD