AD
AD
AD

ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ပြင်စလူနယ်မြေရဲစခန်း ပိုးလောင်းရဲကင်းမှာ ခိုးမှုမသာကာင်္တာကြောင့် စွပ်စွဲခံရသူနှစ်ဦးကို ညှင်းပန်းနှိပ်စက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်သုံးဦးကို နှိပ်စက်ခံမိသားစုဝင်တွေဘက်က တရားစွဲဆိုမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ အဲ့ဒီဖြစ်စဉ်အပေါ် လိုက်လံကူညီပေးနေတဲ့ ကိုဇော်ရမ်းက ဓူဝံကို ပြောပါတယ်။

လွန်ခဲ့တဲ့တစ်လခန့်က အပေါင်ဆိုင်တစ်အိမ်မှ ရွှေနဲ့ ငွေစုစုပေါင်း ကျပ်သိန်း ၄၀၀ ကျော် ပျောက်ဆုံးတာနဲ့ ပါတ်သတ်ပြီး အမှုဖွင့်ခဲ့တာနဲ့ ပတ်သတ်ပြီးတော့ ရဲတပ်ဖွဲ့ဝင်တွေက မသကာင်္သူတွေကို ပိုးလောင်းရဲကင်းကို ခေါ်ယူစစ်ဆေးရာကနေ အခုလို ညှင်းပန်းနှိပ်စက်မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

play

 

လက်ရှိမှာတော့ အဲ့ဒီဖြစ်စဉ်အပေါ် ခုံရုံးဖွဲ့စစ်ဆေးနေတယ်လို့ ကိုဇော်ရမ်းက ပြောပါတယ်။

“ အခုက မိသားစုတွေရဲ့ တိုင်စာအရသူတို့ကိုစစ်နေတာ။ သူတို့ပြောတာက ထပ်ပီး တရားစွဲဆိုဦးမှာပါ။ ရွာသားတွေ ကိုယ်တိုင်ကမကျေနပ်ဘူး။ လူ့အခွင့်အရေးကော်မရှင်ကလည်း လာမယ်ပြောတယ်။ သူတို့မိသားစုတွေက အရမ်းဆင်းရဲတယ်ဗျ။ တစ်ယောက်က ဂဏန်းထောင်တာ၊တစ်ယောက်က ငါးသလောာက်ပိုက်ချစားတာ။ တော်တော်ဆင်းရဲတယ်ဗျ။ အမှုဖွင့်သူက သူတို့ပစ္စည်းပျောက်ပြီး ပြန်တွေ့တယ်ဆိုတာလည်း သူတို့ပဲပြောတာတဲ့။ ရွာသားတွေကိုယ်တိုင်ကလည်း စိတ်မကောင်းဖြစ်နေတာဗျ။ ကိုခင်မောင်လတ်က ၀န်ခံပြီး ကိုစိုးမင်းအောင်ပါတယ်ဆိုတော့ စိုးမင်းအောင်ကိုလည်း နှိပ်စက်တယ်။အဲ့ဒီမှာ ခင်မောင်လတ်က မသေခင် ငါ့ရွာသားတွေနဲ့ တွေ့ရင်ကျေနပ်တယ်ပြောပြီး အိမ်ခေါင်းရင်းမှာ မြှုပ်ထားတယ်ပြောတော့ ရွာခေါ်သွားတယ်။သူက သူ့မိန်းမနဲ့တွေ့ခွင့်တောင်းပြီး ဒီလိုဖြစ်တာတွေကို ဆရာတော်ကြီးကို ပြောပြခိုင်းတော့မှသိတာ။ စိုးမြင့်အောင်က ရဲစခန်းကနေ နှိပ်စက်တော့ ထွက်ပြေးတာ။ ဘုန်းကြီးကျောင်းရောက်တော့ တန်းပစ်လဲတာပဲ။အဲ့ကျမှ တစ်ရွာလုံးတိုင်ပင်ပြီး ဆေးရုံပို့ကြတာ’’လို့ အဲ့ဒီဖြစ်စဉ်ကို ကူညီပေးနေတဲ့ ကိုဇော်ရမ်းက ပြောပါတယ်။

play

 

သူတို့နှစ်ဦးကို လက်ထိပ်နောက်ပြန်ခတ်ပါးရိုက်တာ၊ ခြေနှစ်ဖက်ကို ထိတ်တုံးထဲထည့်ပြီး လက်ထိပ်နောက်ပြန်နဲ့ ထုတ်တန်းမှာ အုတ်ခဲဆွဲပြီး အချိန်ငါးနာရီကျော်ထားတာ၊ ယောကျာင်္းအင်္ဂါကို ကြိုးနဲ့ချည်ပြီးထုတ်တန်းကနေ ဆွဲတာ၊ ပလက်စတစ်နဲ့ ပါတ်ပြီး ငယ်ပါကို မီးရှို့တာ၊ ခြေသလုံးပေါ်မှာ ၀ါးရင်းတုတ်တင်ပြီး ခြေနဲ့နင်းတာတွေကို နှိပ်စက်ခဲ့တယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

''လက်ရှိအခြေအနေအရ အမျိုးသားအင်္ဂါနားတစ်ဝိုက်မှာ ပလက်စတစ်အပူတွေလောင်းထားတယ်။ တော်တော်ပြင်းတယ်။အခုထိ အနာမှာ အရည်တွေစို့နေတုန်းပဲ။ မြင်မကောင်းရှုမကောင်းပဲ။ တစ်ရက်အတွင်းမှာ နှိပ်စက်တာ။ တစ်ရက်ထက်ပိုနှိပ်စက်ရင် သေမှာလေ။ ကိုခင်မောင်လတ်က သေမယ့်အတူတူဝန်ခံလိုက်ပြီး ဘယ်သူပါတယ်ဆိုတာပြောတော့ သူ့ကိုလည်း အဲ့အတိုင်းနှိပ်စက်တာ။ ရဲစခန်းက ထွက်ပြေးလာတာစိုးမင်းအောင်က။ လမ်းကောင်းကောင်းမလျှောက်နိုင်ဘူး၊ထမင်းလည်း မ၀ါးနိုင်ဘူး။ ပါးတွေရိုက်ထားတာဆိုတော့။ လူ့အခွင့်အရေးကော်မရှင်ကိုလည်း မျှော်လင့်ပါတယ်''လို့ ကိုဇော်ရမ်းက ပြောပါတယ်။

အခုလက်ရှိမှာ သူတို့နှစ်ဦးက ငွေကြေးမပြည့်စုံတာကြောင့် ဆေးကုသစရိတ်အတွက် အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

Photo credit ကိုဇော်ရမ်း

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD