Local News: ပုဂံမှာရိုက်ခဲ့တဲ့ အမြင်မသင့်တော် Pre-wedding ဓာတ်ပုံတွေကို စစ်ဆေးနေ

ပုဂံဘုရားတွေမှာ ရိုက်ခဲ့တာသေချာရင်တော့ တရားစွဲဆိုသွားမယ်လို့ ဆိုပါတယ်။

play

 

ပုဂံရှေးဟောင်းယာဉ်ကျေးမှုနယ်မြေထဲမှာ အမြင်မသင့်တော်တဲ့ Pre Wedding ဓာတ်ပုံတွေ လာရိုက်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံက စုံတွဲဓာတ်ပုံတွေကို အမှန်တကယ်ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေတယ်လို့  သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောပါတယ်။

play

 

"အဲဒီလို ဘုရားပေါ်ကို တက်ရိုက်မယ်ဆိုတာကိုတော့ ဘယ်သူမှ ခွင့်ပြုမှာ မဟုတ်ဘူး။ ဒါဖိုတိုရှော့လား။ ပုဂံလားဆိုတာတွေကို သေချာအောင် လုပ်ရမှာပါ။ အမှန်တကယ်သေချာတယ်ဆိုရင်တော့ သာသနာညိုးနွမ်းစေမှုနဲ့ တရားစွဲမှာပါ” လို့  သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ညွန်ကြားရေးမှူး ဦးမောင်ဆန်းဝင်းက ပြောပါတယ်။

အမြင်မသင့်တော်တဲ့ ဓာတ်ပုံတွေက စက်တင်ဘာလ ၂၁ ရက် ရက်စွဲနဲ့ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့တာဖြစ်ပြီး ပုဂံရှေးဟောင်း ဘုရားတွေပေါ်မှာ ရိုက်ကူးခဲ့တာကို မူရင်းဝက်ဘ်ဆိုက် www.mymetrophoto.com/metrophoto-photographers အမည်ရှိတဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပြီး နောက်ပိုင်းမှာတော့ ဒီပုံတွေကို ပြန်လည်ဖြုတ်ချထားခဲ့တယ်လို့ သိရပါတယ်။

play

 

ဓာတ်ပုံတွေက ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေထဲမှာ အမှန်တကယ်ရိုက်ကူးထားတာဆိုရင် သာသနာညိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က) နဲ့ တရားစွဲဆိုနိုင်ပြီး လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်း ဒီ  Pre Wedding ဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး အရေးယူပေးဖို့ ဝေဖန်ပြောဆိုနေကြပါတယ်။

Source & Photos : Kumudra

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ