AD
AD
AD

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က စကာင်္ပူနိုင်ငံကို အာဆီယံ မျက်နှာစုံညီထိပ်သီးအစည်းအဝေးတက်ရောက်နေတာဖြစ်ပြီးတော့ ဧပြီ ၂၇ ရက်နေ့မှာတော့ စကာင်္ပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်းနဲ့ တွေ့ဆုံခဲ့ပြီတော့ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတိုမြှင့်ရေး၊ နဲ့ လူ့စွမ်းအားအရင်းအမြစ်နဲ့ အသက်မွေးးဝမ်းကျောင်းပညာရပ်တွေတိုးတက်ဖို့ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

play

 

 နိုင်ငံတော်သမ္မတသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့ ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် သီးခြားစီတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

လာအိုနိုင်ငံဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ နဲ့ လာအိုနိုင်ငံကို ချစ်ကြည်ရေးခရီးလာရောက်နိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

မျက်နှာစုံညီအစည်းအဝေးမှာလည်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ကြံ့ခိုင်နိုင် စွမ်းရှိ၍ တီထွင်ဆန်းသစ်သည့် အာဆီယံတည်ဆောက်ခြင်း (Building a “Resilient and Innovative” ASEAN)ခေါင်းစဉ်အောက်တွင် ပါဝင်ဆွေးနွေးခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD