AD
AD
AD
play
ပြည်ပခရီးစဉ်တခုမှ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံတော်ယာယီသမ္မတဦးမြင့်ဆွေ။

 

လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ နိုင်ငံတော်ယာယီသမ္မတ ဦးမြင့်ဆွေက မိန့်ခွန်းပြောကြားခဲ့တယ်ဆိုတဲ့ သတင်းက မဟုတ်မှန်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောလိုက်ပါတယ်။

“လူမှုမီဒီယာမှာ ပြန့်နေတာက ယာယီသမ္မတရဲ့ ပထမဆုံး မိန့်ခွန်းဆိုပြီး ခေါင်းစဉ် တပ်ထားတယ်။ ပြီးတော့ သမ္မတကို ဘယ်လိုလူမျိုး ရွေးချယ်သင့်တယ် ဆိုပြီး တိုက်တွန်းတဲ့ ပုံစံတွေလည်း ရေးထားတယ်။ နံပါတ်တစ် အချက်အနေနဲ့ လာမယ့် ရက်သတ္တပတ် အတွင်းမှာ ပြည်ထောင်စု လွှတ်တော်မှာ ဆောင်ရွက်မယ့် သမ္မတအဖြစ် ရွေးချယ်သွားမည့် အချိန်မှာ ယာယီသမ္မ ဦးမြင့်ဆွေရဲ့ မိန့်ခွန်း ဆိုပြီး ထွက်လာတာ ဖြစ်ပါတယ်။ ယာယီသမ္မတ ဦးမြင့်ဆွေက ပြီးခဲ့တဲ့ အပတ်က မော်ရိုကိုက ပြန်လာတယ်။ ဒီအတောအတွင်း ပြည်သူလူထုကို ထိတွေ့ပြီး မိန့်ခွန်း ပြောကြားခဲ့ခြင်းလည်း မရှိပါဘူး။ နောက်နိုင်ငံပိုင် သတင်းစာကလည်း ဦးမြင့်ဆွေကနေ ပြည်သူလူထုကို မိန့်ခွန်း ပြောကြားတာမျိုး ထုတ်ပြန် ထားတာ မရှိပါဘူး။ နံပါတ်နှစ် အချက်က ဒီမှာရေးသား ဖော်ပြထားတာတွေက ယာယီသမ္မတ ဦးမြင့်ဆွေ မပြောကြားဘဲနဲ့ လူမှုမီဒီယာက တစ်ဆင့် လူထုကြားမှာ ပြန်နှံ့ပြီး ထင်ယောင် ထင်မှားဖြစ်မှာ စိုးတဲ့အတွက် မဟုတ်မှန်တဲ့ အကြောင်းပြောတာ ဖြစ်ပါတယ်”လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောခဲ့ပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၃ အရ နိုင်ငံတော်သမ္မတသည် ရာထူးသက်တမ်း မကုန်ဆုံးမီ နုတ်ထွက်သောကြောင့် ဖြစ်စေ၊ ကွယ်လွန်သောကြောင့် ဖြစ်စေ၊ ထာဝစဉ်မစွမ်းဆောင်နိုင်သောကြောင့် ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့် ဖြစ်စေ နိုင်ငံတော်သမ္မတ ရာထူးနေရာ လစ်လပ်လျှင် ဒုတိယသမ္မတ နှစ်ဦးအနက် နိုင်ငံတော်သမ္မတရွေးချယ် တင်မြှောက်စဉ်အခါက ဒုတိယဆန္ဒမဲ အများဆုံးရရှိသည့် ဒုတိယသမ္မတက ယာယီသမ္မတအဖြစ် ထမ်းဆောင်ရမည်ဟု ပြဋ္ဌာန်းထားတာကြောင့် ဒုတိယသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတ အဖြစ် ဆောင်ရွက်ရတာ ဖြစ်ပါတယ်။

ဒီလို သတင်းမှားသတင်းတုတွေကို ပြည်သူတွေ ထင်ယောင်၊ ထင်မှားဖြစ်စေဖို့ ဖြန့်ဝေလုပ်ဆောင်ခဲ့သူတွေကို ဥပဒေအရ အရေးယူနိုင်ဖို့ စိစစ်နေတယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံရုံး ပြေရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD