AD
AD
AD

နိုင်ငံတော်သမ္မတ မိန့်ခွန်းပြောမည့်အစီအစဉ်ကို တိုက်ရိုက်ထုတ်လွှင့်မည်

ဒီနေ့မတ်လ ၃၀ ရက်နေ့  ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကတိသစ္စာပြုခြင်းနဲ့ မိန့်ခွန်းပြောကြားတဲ့အစီအစဉ်ကို တိုကိရိုက်ထုတ်လွှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့ သမ္မတအဖြစ်ကတိသစ္စာပြုခြင်းနဲ့ နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်မှာ မိန့်ခွန်းပြောကြားတဲ့အခမ်းအနားကို ဒီနေ့မနက် ၉ နာရီ ၅၅ မိနစ်ကနေစတင်ပြီးတိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးကနေ ထုတ်ပြန်ထားပါတယ်။

မြန်မာ့ရုပ်မြင်သံကြား( MRTV)၊ MRTV လွှတ်တော် channel ၊MITV၊ MNTV ၊ Sky net up to date  ၊ မြန်မာ့အသံရေဒီယို၊ MOI Web Portal Myanmar Facebook ၊ Myanmar Digital News Facebook တို့ကနေပြီး တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

နိုင်ငံတော် သမ္မတဦးဝင်းမြင့်က မတ်လ ၂၈ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်မှာ မဲအရေအတွက် ၄၀၃ မဲနဲ့ နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရတာပဲဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD