AD
AD
AD
play

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နိုင်ငံတော်သမ္မတတာဝန်စတင်ထမ်းဆောင်တဲ့အထိမ်းအမှတ်အနေနဲ့ပြုလုပ်တဲ့ ဂုဏ်ပြုညစာစားပွဲကို ဧပြီ ၆ရက် ဒီနေ့ ညနေ ခြောက်နာရီခွဲကနေစပြီးတော့ နိုင်ငံတော်သမ္မတအိမ်တော်မှာ ကျင်းပမှာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးကနေပြီး ကြေငြာချက်ထုတ်ပြန်ထားပါတယ်။

အဲ့ဒီညစာစားပွဲကို နိုင်ငံတော်သမ္မတအိမ်တော်မှာကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အပါအ၀င် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေ ၊တိုင်းဒေသကြီးပြည်နယ်ဝန်ကြီးချုပ်တွေ၊ နိုင်ငံတကာ သံတမန်တွေ တက်ရောက်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံပိုင်မီဒီယာတွေမှာ တိုက်ရိုက်ထုတ်လွှင့်ပြသမယ့် အဲ့ဒီညစာစားပွဲမှာ ဖျော်ဖြေရေးအစီအစဉ်တွေပါပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

မတ်လ ၂၈ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတအဖြစ်တင်မြှောက်ခံရတဲ့ သမ္မတဦးဝင်းမြင့်က မတ်လ ၃၀ ရက်နေ့မှာ သမ္မတတာဝန်ကို ရယူခဲ့ပြီးတော့ ပြည်ထောင်စုလွှတ်တော်မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD