AD
AD
AD

သြဂုတ်လ ၂၃ ရက်နေ့  တရားဝင် ထွက်ရှိခဲ့တဲ့ Samsung Galaxy Note 8 ကို လာမယ့် စက်တင်ဘာလ ၁၈ ရက်၊ နေ့လည် ၁ နာရီခွဲမှာ ရန်ကုန်မြို့ Novotel Hotel မှာ မိတ်ဆက်သွားတော့မယ်လို့ Samsung Myanmar ကနေသတင်းထုတ်ပြန် ထားပါတယ်။

play

 

Galaxy S8 လိုပဲ Infinity display ပါရှိတဲ့ Galaxy Note 8 မှာ ကျောဘက်ကင်မရာနှစ်ခုပါဝင်သလို Note ဖုန်းတွေရဲ့ သင်္ကေတဖြစ်တဲ့ S Pen stylus ကိုလည်း ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ Galaxy Note 8 အတွက် dual camera စနစ်ကို Samsung ကိုယ်တိုင် ဖန်တီးတည်ဆောက်ထားပြီး wide-angle အတွက် 13MP sensor တစ်ခုနဲ့ telephoto အတွက် 12MP sensor တစ်ခု ပါဝင်မှာ ဖြစ်ပါတယ်။ ကင်မရာ နှစ်လုံးစလုံးမှာ ရုပ်ငြိမ်နည်းပညာ Optical Image Stabilization ပါမယ်လို့ လည်း သိရပါတယ်။

Postby

 

Galaxy Note 8 ကို  သြဂုတ်လ ၂၄ ရက်မှစတင်ကာ ကြိုတင်မှာယူနိုင်ပြီး စက်တင်ဘာ ၁၅ ရက်မှစတင်ကာ အမေရိကန်၊ ယူကေ၊ တောင်ကိုရီးယားနဲ့ အခြားနိုင်ငံအချို့မှာ တင်ပို့ရောင်းချသွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းရောင်းချမှုကိုတော့ အောက်တိုဘာလမှာ စတင်သွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံမှာလည်း စတင်မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

Source: Internet Journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD