AD
AD
AD

၂၀၁၈ အောက်တိုဘာ ၁ ရက်ကနေစတင်ပြီး တရုတ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်တဲ့ တရုတ်နိုင်ငံသားတွေကို ရန်ကုန်၊မန္တလေး၊နေပြည်တော် လေဆိပ်ကနေ လေကြောင်းခရီးစဉ်နဲ့ လာရောက်ရာမှာ ဆိုက်ရောက်ဗီဇာကို ဒေါ်လာ ၅၀နဲ့ Show money ဒေါ်လာ ၁၀၀၀ လေဆိပ်မှာပြသရမယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်လိုက်ပါတယ်။

play
Photo -Yangon International Airport

"တစ်ဖက်က ဗီဇာ ဖွင့်ပေးလိုက်တယ်ဆိုတော့ အလွယ်တကူလာလို့ ရပေမယ့် လွတ်လွတ်လပ်လပ်ပုံစံနဲ့ လာတာတွေလည်းရှိမယ်။တိုးရစ်တွေကို သုံးနိုင်မယ့်သူကို ခေါ်တဲ့သဘောပဲ။ အဲ့လောက်ပိုက်ဆံလောက်မှ မပြနိုင်ဘူးဆိုရင်တော့ ဒါက အခြေအနေမရှိဘဲ၊ အလုပ်လုပ်ဖို့ တိုးရစ်အကြောင်းပြပြီးခေါင်းစဉ်ပြပြီးလာမယ်လို့ ယူဆနိုင်တာကြောင့် ဒီလိုကောက်ခံတာပါ။သူများနိုင်ငံတွေမှာလည်း ဒီလိုပြရတာပါပဲ။ ဒါကလည်စမ်းသပ်ကာလက တစ်နှစ်ပါ။ တစ်နှစ်အောင်မြင်ရင်တော့ နောက်ပိုင်းဖြေလျော့မှုတွေ ရှိနိုင်ပါလိမ့်မယ်"လို့ ခရီးသွားလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဌ ဦးသက်လွင်တိုးက ဓူဝံကို ပြောပါတယ်။

အဲ့ဒီလို Show money ပြခိုင်းတာက ဗီဇာလွတ်လပ်ခွင့်ပြုလိုက်တဲ့ ဂျပန်၊တောင်ကိုရီးယား၊တရုတ်နိုင်ငံသားတွေကို အကျုံးဝင်တာဖြစ်ပြီးတော့ နောက်ပိုင်းမှာလည်း အနောက်နိုင်ငံသားတွေကို ဗီဇာကင်းလွတ်ပေးဖို့ စဉ်းစားတာတွေရှိလာနိုင်တယ်လို့ လည်း သူက သုံးသပ်ပြောကြားခဲ့ပါတယ်။

သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ ဂျပန်နဲ့တောင်ကိုရီးယား နိုင်ငံသားကမ္ဘာလှည့်ခရီးသည်တွေကို အောက်တိုဘာ ၁ ရက်နေ့ကနေစပြီးတော့ ၂၀၁၉ စက်တင်ဘာ ၃၁ ရက်နေ့အထိ စမ်းသပ်ကာလ ၁ နှစ်သတ်မှတ်ပြီး ဗီဇာအခမဲ့နဲ့ လေဆိပ်တွေကနေအပြင် မြန်မာ - ထိုင်းနယ်စပ်တွေ ကနေ ထွက်ခွာခွင့်ပြုမှာဖြစ်ပြီးတော့ သက်ဆိုင်ရာဝင်ပေါက်တွေမှာ show money အမေရိကန်ဒေါ်လာ ၁၀၀၀ ပြသဖို့ လိုအပ်မှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနကနေလည်း အသိပေးညှိနှိုင်းထားတယ်လို့ အကြောင်းကြားထားပါတယ်။

play
Photo -Yangon International Airport

ဂျပန်၊တောင်ကိုရီးယားနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်တွေ ဗီဇာကင်းလွတ်ခွင့်နဲ့ လေကြောင်းလိုင်းနဲ့ လာရောက်မယ့် တရုတ်နိုင်ငံသား (ဟောင်ကောင်နဲ့ မကာအို) အပါအ၀င် ကမ္ဘာလှည့်ခရီးသည်တွေကို ဆိုက်ရောက်ဗီဇာ နဲ့ မြန်မာနိုင်ငံကို ၀င်ရောက်ခွင့်ပြုမယ့် ကိစ္စတွေနဲ့ ဆက်စပ်ပြီး ခရီးသွားကုမ္ပဏီတွေ ကိုပါ အကြောင်းကြားထားတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD