ဒီစီမံကိန်းအတွက် အမေရိကန်အစိုးရက ကူညီမှာပါ။

အာဆီယံနိုင်ငံတွေရဲ့ Smart City ထူထောင်ရေးစီမံကိန်းမှာ ရန်ကုန်၊မန္တလေးနဲ့ နေပြည်တော်တို့ ပါဝင်သွားမယ်လို့ နိုဝင်ဘာ ၁၆ ရက်က ပြုလုပ်တဲ့ အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးက သတင်းတွေအရသိရပါတယ်။



 

46407360_184000989210891_7069345500100558848_n.jpg 

အရှေ့တောင်အာရှရဲ့ ဒီဂျစ်တယ်လ်နဲ့ မြို့ပြအခြေခံယန္တယားစီမံကိန်းကို အာဆီယံအလှည့်ကျဥက္ကဌဖြစ်တဲ့ စကာၤပူနိုင်ငံက အဆိုပြုခဲ့တာဖြစ်ပြီး အာဆီယံနိုင်ငံတွေထဲက မြို့ပေါင်း ၂၆ မြို့မှာ လုပ်သွားမယ်လို့ VOA သတင်းဖော်ပြချက်အရသိရပါတယ်။

ဒီစီမံချက်အတွက် အမေရိကန်အစိုးရက  အထောက်အကူတွေ ပေးသွားမှာဖြစ်ပြီး အမေရိကန်-အာဆီယံ Smart Cities မိတ်ဖက်ဆောင်ရွက်ချက်အသစ်ကို စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ အမေရိကန်-အာဆီယံထိပ်သီးညီလာခံမှာ အမေရိကန်ဒုသမ္မတ မိုက်ပန့်စ်က ကြေညာခဲ့တယ်လို့ VOA သတင်းမှာ ဖော်ပြထားပါတယ်။

 

သမ္မတဒေါ်နလ်ထရမ့်အစိုးရက ကူညီမှာဖြစ်ပြီး အမေရိကန် ကုမ္ပဏီတွေက မြို့ပြ ဒီဂျစ်တယ် အခြေခံယန္တယားအဆောက်အဦးဖွံဖြိုးမှုမှာ အင်တာနက် အသုံးပြုငွေပေးချေတဲ့ စနစ်၊ ခရီးသွားလုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေမှာလည်း ဒီဂျစ်တယ်လ်စနစ် အသုံးပြုနိုင်အောင် ရင်းနှီးမြှုပ်နှံသွားမယ်လို့ ဆိုပါတယ်။

အရှေ့တောင်အာရှ Smart Cities ကွန်ယက်မှာ မြန်မာနိုင်ငံက ရန်ကုန်၊ မန္တလေးနဲ့ နေပြည် တော်မြို့ တွေအပြင် တခြားအရှေ့တောင်အာရှကမြို့ကြီးတွေဖြစ်ကြတဲ့ ဘန်ကောက်၊ ဂျကာတာ၊ ဟနွိုင်း၊ ဟိုချီမင်း၊ ကွာလာလမ်ပူ၊ ဖနွမ်းပင်၊ မနီလာ၊ ဗီယက်ကျင်းမြို့တွေလည်းပါဝင်တယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က