AD
AD
AD
play

 

လူမှုစီးပွားလုပ်ငန်းတွေမှာကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေအကြောင်းဆွေးနွေးပွဲကို သြဂုတ်လ ၂၆ ရက်နေ့ ညနေ သုံးနာရီက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို Chivas Venture က အဓိက ကူညီပံ့ပိုးပေးပြီး Venus စပွန်စာအဖြစ် ဆီဒိုးနားဟိုတယ်က ကူညီပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို British Council မှာ Social Enterprise Consultant အဖြစ်ဆောင်ရွက်နေတဲ့ ဒေါက်တာသူကြွယ်ခန့်စိုးက Moderator အဖြစ် ပါဝင်ဆွေးနွေးခဲ့ပြီး လက်ရှိမြန်မာနိုင်ငံရဲ့လူမှုစီးပွားလုပ်ငန်း(Social Enterprise) လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့သူတွေဖြစ်တဲ့ မမီမီမျိုးဝင်း၊ မအိပွင့်ရှီဇံ၊ ကိုထက်ရှိုင်းတို့က Speaker အဖြစ် ပါဝင်ဆွေးနွေးခဲ့ပါတယ်။

"ကျွန်တော်တို့မြန်မာနိုင်ငံမှာ ပရဟိတလုပ်ကြတယ်။ အလှုအတန်းတွေ အများကြီးလုပ်ကြတယ်။ စီးပွားရေးပုံစံမစဉ်းစားကြဘူး။ social enterpirse ဆိုတာက လူမှုပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာ ဖြစ်ပျက်နေတဲ့ပြဿနာတွေကို စီးပွားရေးတစ်ခုလုပ်ပြီးတော့ ဖြေရှင်းလိုက်တဲ့သဘောပါ။ ကိုယ်ဖြေရှင်းလိုက်တဲ့ ထုတ်ကုန်ပဲဖြစ်စေ၊ ၀န်ဆောင်မှုတွေဖြစ်စေ ရေရှည်ဖြေရှင်းရမယ့် ပြဿနာတွေကို အဓိကထားပြီး ဆွေးနွေးခဲ့တာပါ။ ဒီနေ့ပွဲမှာ social enterprises ဆိုတာဘာလဲ၊ လုပ်ရင် ဘာအခက်အခဲတွေရှိမလဲ၊ ဘယ်လိုအခွင့်အလမ်း တွေရှိမလဲဆိုတာကိုဝေမျှခဲ့ပါတယ်"လို့ ဒေါက်တာသူကြွယ်ခန့်စိုးက ပွဲမှာ ပါဝင်ဆွေးနွေးဖြစ်ခဲ့ပုံကို ပြောပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD