လူထိခိုက်မှုနဲ့ လူသေဆုံးမှုမရှိခဲ့ဘူးလို့ သိရပါတယ်။

ဗိုလ်တစ်ထောင်မြို့နယ်၊ ဗိုလ်တစ်ထောင်ဘုရားအနီးက sports bar ဘီယာဆိုင်မီးလောင်ဆုံးရှုံးမှုမှာ ကျပ်   ၁၃ သိန်းကျော်ဖိုး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ရန်ကုန်တိုင်းမီးသတ်ဌာနကနေ သိရပါတယ်။



46462357_2297795757027151_5013948076935610368_n.jpg 

“အားလုံး တန်ဖိုးက ၁၃ သိန်း  ၅ သောင်းဖိုးတွက်ချက်ရပါတယ်။ပစ္စည်းက အတွင်းပစ္စည်းတန်ဖိုးပျက်စီးမှု ၁၀ သိန်းခန့်နဲ့ အဆောက်အအုံတန်ဖိုးက ၃ သိန်းခွဲခန့်ပေ့ါ။သူက ကွန်ပိုစစ်နဲ့ ဖော့တွေနဲ့ပဲကာထားတာပါ။ အကြောင်းရင်းက အထဲမှာ အသံပိုင်းဆိုင်ရာ စင်တင်ကိုအလှဆင်ထားတာရှိတယ်။ဝိုင်ယာကနေ အသုံးများလို့အပူလွန်ရှော့ဖြစ်တာပါ။ ကွန်ပိုစစ်ကော၊ဖော့တုံးတွေကောဆိုတော့ လောင်အားကအရမ်းကောင်းသွားတာ။ မီးလောင်မှုဧရိယာကျယ်သွားတာပေါ့ ” လို့ ရန်ကုန်မီးသတ်ဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှုး ဥိးကိုကိုကြီးက Duwun ကိုပြောပါတယ်။

နိုဝင်ဘာ ၁၈ ရက်နေ့က ည ၉ နာရီ ၄၂ မိနစ်အချိန်က ဗိုလ်တစ်ထောင်မြို့နယ် ဗိုလ်တစ်ထောင်ဘုရားအနီးက Sports Bar ဘီယာဆိုင်မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီးတော့ Level 1 အဆင့်ရောက်ရှိခဲ့တာဖြစ်ပါတယ်။

မီးလောင်ကျွမ်းမှုကို ည ကိုးနာရီ ကျော်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တာဖြစ်ပြီးလူထိခိုက်မှုနဲ့ လူသေဆုံးမှုမရှိခဲ့ဘူးလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က