၂၀၁၇ ခုနှစ်အတွက် Startup Israel 2017 ဆုပေးပွဲကို လာမယ့် MICT Park ထဲမှာ လာမယ့် သြဂုတ်လ ၂ ရက်နေ့ မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

play
ပုံ-အစ္စရေးသံရုံး FB

 

မြန်မာနိုင်ငံ ICT နယ်ပယ်မှ စွန်ဦးတီထွင်လုပ်ငန်းရှင်များနဲ့ startup တည်ထောင်သူ လူငယ်လူလတ်ပိုင်းများအတွက် အစ္စရေးနိုင်ငံမှာ ကျင်းပမယ့်  DLD Osrel 2017 သို့ ရက်သတ္တပတ် တက်ခွင့်ရမယ့် Startup Israel 2017 ပြိုင်ပွဲကို ဇူလိုင်လ ၂၀ ရက်နေ့ ကစပြီး နောက်ဆုံးထား ယှဉ်ပြိုင်စေခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်မယ့် သူများဟာ အသက် ၂၅ နှစ်မှ ၄၀ အတွင်းရှိရမှာ ဖြစ်ပြီး ကုမ္ပဏီတစ်ခုခုကို တည်ထောင်သူ သို့ မဟုတ် ကုမ္ပဏီရဲ့ CEO ၊ MD သို့ မဟုတ် GM ဖြစ်ရမှာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ သက်တမ်းအနေနဲ့ လည်း သုံးနှစ်ထက် မပိုသေးတဲ့ ကုမ္ပဏီဖြစ်ရမယ်လို့ စည်းကမ်းသတ်မှတ်ထားပါတယ်။

play
ပုံ-အစ္စရေးသံရုံး FB

 

အကောင်းဆုံး ရရှိသူ တစ်ဦးအနေနဲ့ အစ္စရေးနိုင်ငံရဲ့ အထောက်အပံ့နဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာလ အစ္စရေးနိုင်ငံမှာ ကျင်းပမယ့် DLD Osrel 2017 ကို ရက်သတ္တပတ် တက်ရောက်ခွင့်ရရှိမှာဖြစ်ပြီး ဒုတိယဆုအဖြစ် ဒေါ်လာ ၄၀၀၊ တတိယဆုအဖြစ် ဒေါ်လာ ၂၀၀ ရရှိမယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲကို အဆင့် ၃ ဆင့်နဲ့ ရွေးချယ်ခဲ့တာ ဖြစ်ပြီး စုစုပေါင်း အကဲဖြတ်ဒိုင် ၈ ဦးကနေ အမှတ်ပေးထားပါတယ်။ အကဲဖြတ်ဒိုင်များထဲမှာ  ကွန်ပျုတာတက္ကသိုလ်က လေးဦး၊ စီးပွားရေးတက္ကသိုလ်ကတစ်ဦး နဲ့ အစ္စရေးက တာဝန်ရှိသူ သုံးဦးတို့ ပါဝင်အကဲဖြတ်သွားမယ်လို့ သိရပါတယ်။

 

အိုင်စီတီနည်းပညာကို အသုံးပြုလျက်ရှိသည့် IT Industry မှ စိတ်ပါဝင်စားသည့် Enterpreneur များ၊ Startup များဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပြီး ပြိုင်ပွဲ အမျိုးအစား ၂ မျိုး ခွဲခြားထားပါတယ်။ တစ်ခုကတော့ နေထိုင်မှုအဆင့်အတန်း Quality of life ကို အထောက်အကူပြုတိုးတက်စေနိုင်သည့် လူနေမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆိုင်သော Application များ နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် သက်ဆိုင်သော ဆန်းသစ်တီထွင်မှု Application များ ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။

play
ပုံ-အစ္စရေးသံရုံး FB

 

အခုနှစ်အတွက် အစ္စရေးကို သွားရောက်လေ့လာခွင့် ရရှိသူကို သြဂုတ်လ ၂ ရက်နေ့မှာ ကြေညာမှာဖြစ်ပါတယ်။ Startup Israel 2017 ဆုပေးပွဲ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံရုံးနဲ့ မြန်မာနိုင်ကွန်ပျုတာအသင်းချုပ် (MCF) တို့ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။

Source: Internet Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video