AD
AD
AD

မြန်မာနိုင်ငံရဲ့ ပထမဆုံး startup များအကြောင်း အမေးအဖြေလုပ်ရင်း startup founder များအချင်းချင်း ရင်းရင်းနှီးနှီး တွေ့ ဆုံခွင့်ရမယ့် Startup Trivia Night in Yangon ပွဲကို လာမယ့် စက်တင်ဘာလ ၆ ရက်နေ့ ICC မှာ ရှိတဲ့ Bar Bondi မှာ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

play

 

startup တည်ထောင်သူများ ၊ ရင်းနှီးမြှပ်နှံသူများနဲ့ စိတ်ဝင်စားသူများ အချင်းချင်း တွေ့ ဆုံပြီး startup အကြောင်း ဗဟုသုတများ အမေးအဖြေလုပ်သွားမယ့် ဒီပွဲမှာ ပထမဆု ၊ ဒုတိယဆု ၊ တတိယဆုနဲ့ စတုတ္ထဆုများအပြင် Lucky Draw အစီအစဉ်များစွာလည်း ထည့်သွင်းကျင်းပသွားမှာပါ။

ဝင်ကြေးအနေနဲ့ ပွဲမတက်ခင် ကြိုပေးမယ်ဆိုရင် ကျပ် ၃၀၀၀ နဲ့ ပွဲလာမှ သွင်းမယ်ဆိုရင်တော့ ကျပ် ၆၀၀၀ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ ပွဲဝင်ကြေးကို  Ooredoo မှ +95 99 6030 2909 ဖုန်းကိုလည်း ဘေလ် ၃၀၀၀ တန် ငွေလွှဲနိုင်ပါတယ်။ Wave Money နဲ့ လွှဲမယ်ဆိုရင်တော့ အကောင့်နံပါတ် 09782090186 ကို ပို့ နိုင်မှာ ဖြစ်ပါတယ်။ငွေရောက်တာနဲ့ မက်ဆေ့ခ်ျပြန်ပို့ ပေးမှာ ဖြစ်ပြီး ဒီဝင်ကြေးအားလုံးကို ဆုကြေးအဖြစ် ပြန်ပေးသွားမှာလည်း ဖြစ်ပါတယ်။

 

Startup Trivia Night in Yangon ပွဲမှာ ပထမဆုရသူဟာ ဝင်ကြေးအားလုံးရမှာ ဖြစ်ပြီး ဒုတိယဆုအဖြစ် Bondi Bar မှာ ကျပ် ၃၀၀၀၀ တန် Gift Certificate ၊ တတိယဆုအဖြစ် ကျပ် ၂၀၀၀၀ တန် Gift Certificate ၊ စတုတ္ထဆုအဖြစ် ကျပ် ၁၀၀၀ တန် Gift Certificate များ ပေးသွားမှာ ဖြစ်ပါတယ်။

play

 

အများဆုံး လူ ၅၀ စာအတွက်ပဲ နေရာသတ်မှတ်ထားတဲ့ ဒီပွဲလေးအကြောင်း အသေးစိတ် သိလိုတယ်ဆိုရင်တော့ Startup Trivia Night in Yangon ရဲ့ Facebook event page နဲ့ ဖုန်းနံပါတ်  09451712500 ကို ဆက်သွယ်မေးမြန်းနိုင်တယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD