AD
AD
AD

Telenor ဖုန်းများကို e-load ငွေဖြည့်စနစ်နဲ့ ဖြည့်မယ်ဆိုရင် တစ်မိနစ်ကို ၁၅ ကျပ်ပဲ ကျသင့်မယ့် ဝန်ဆောင်မှုတစ်ခုကို စတင်လိုက်ပြီ ဖြစ်ပါတယ်။

စာရင်းသွင်းခ ပေးစရာမလိုတဲ့ ဒီဝန်ဆောင်မှုကို သြဂုတ်လ ၁ ရက်နေ့ က စပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တစ်မိနစ် ၁၅ ကျပ်နှုန်းနဲ့ ဖုန်းပြောနိုင်မယ့် ဝန်ဆောင်မှုကို ၅ ရက်စာအတွက် ၄၉၉ ကျပ်နဲ့ ၁၅ ရက်အတွက် ၁၄၉၉ ကျပ်နဲ့ ဝယ်ယူရရှိမယ်လို့ ဆိုပါတယ်။

ပုံမှန်အစီအစဉ်နဲ့ စိတ်ကြိုက်ဝန်ဆောင်မှု အစီအစဉ် ရယူသုံးစွဲသူတွေ အနေနဲ့  အသံနဲ့ အင်တာနက်ဒေတာ ဝန်ဆောင်မှုကို တစ်မိနစ် ၂၇ ကျပ်နဲ့ တစ် MB ကို ၈ ကျပ်နှုန်းထားနဲ့ ဆက်လက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

play

 

ယခုအစီအစဉ်ကို အသုံးပြုသူတွေအနေနဲ့ Facebook နေ့စဉ်သုံးနဲ့ အပတ်စဉ်သုံးအစီအစဉ်တွေကို ၁၉၉ကျပ်နဲ့ ၉၉၉ ကျပ်အသီးသီးနဲ့ ဆက်လက်ရရှိနေဦးမယ် လို့ဆိုပါတယ်။

ှSource: Internet Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD