AD
AD
AD

Telenor ဟာ လာမယ့် သြဂုတ်လထဲမှာ နည်းပညာတက္ကသိုလ်ကျောင်းသားများကို ၃ လတာ အလုပ်သင်ဝန်ထမ်းအဖြစ် ခန့် အပ်သွားမယ့် အစီအစဉ်အကြောင်း ရှင်းလင်းပြောကြားသွားတော့မှာ ဖြစ်ပါတယ်။

play

 

သန်လျင်နဲ့ မှော်ဘီ နည်းပညာတက္ကသိုလ်များအပါအဝင် နည်းပညာတက္ကသိုလ်တွေမှာ Telenor ရဲ့ အလုပ်သင် အစီအစဉ်အတွက် ဆန်ကာတင် ရွေးချယ်မှုများကို စက်တင်ဘာလထဲမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဆန်ကာတင် ရွေးချယ်ခံရသူများကို လူတွေ့ စစ်ဆေးမေးမြန်းဖို့ ဆက်သွယ်သွားမှာ ဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့ အလုပ်သင် သင်တန်းသားများဟာ ဆိုင်ရာ လုပ်ငန်းခွင်တွင်း သိသင့်သိထိုက်သည့်အချက်များကို ရှင်လင်းပြောကြားမယ့် ၃ ရက်ကြာ အလုပ်ခွင် မိတ်ဆက်အစီအစဉ်ကို သန်လျင်နဲ့ မှော်ဘီ နည်းပညာတက္ကသိုလ်တွေ အပါအဝင် တက္ကသိုလ်တွေမှာ တက်ရောက်လေ့လာရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အလုပ်သင် သင်တန်းသား ၁၅ ဦးခန့် ကို  ဈေးကွက်ဖော်ဆောင်ရေးနှင့် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများ၊ လူမှုအကျိုးပြု လုပ်ငန်း ဆောင်ရွက် မှုများ၊ နည်းပညာ၊ ကော်ပိုရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေးနှင့် လူ့အရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းကဏ္ဍများမှာ လေ့ကျင့်သင်ကြားပေးသွားမယ်လို့သိရပါတယ်။

play

 

Telenor ရဲ့ အလုပ်သင်အစီအစဉ်မှာ သတင်းအချက်အလက်နှင့် နည်းပညာ (IT) ၊ ကွန်ပျူတာ သိပ္ပံ(CS) ၊ ကွန်ပျူတာ နည်းပညာ (CT) ၊ အီလက်ထရောနစ် နှင့် လျှပ်စစ်ဆိုင်ရာ အင်ဂျင်နီယာ ( Electronic & Electrical Engineering) ၊ စီးပွားရေး စီမံခန့် ခွဲမှု (Business Management ) ၊ လူ့ အရင်းအမြစ် စီမံခန့် ခွဲမှု (Human Resources Management ) ၊ လူထုဆက်ဆံရေးရာနဲ့ ဆက်သွယ်ပြန်ကြားရေး (PR and Communication) စသည့် ဘာသာရပ်များကို အထူးပြုထားတဲ့ ကျောင်းသား ကျောင်းသူများအပြင် လုပ်ငန်းကဏ္ဍများနဲ့ ဆက်စပ်မှု ရှိတဲ့ အခြားဘာသာရပ် အထူးပြုထားသူများလည်း လျှောက်ထားနိုင်မယ်လို့ ဆိုပါတယ်။

play

 

Telenor ဟာ နှစ်စဉ် မေလမှ ဇူလိုင်လအထိ နှင့် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ အနည်းဆုံး ၃ လကြာမြင့်မယ့် အလုပ်သင် အစီအစဉ်များအတွက် အလုပ်သင်လူငယ် ကျောင်းသားများကို လက်ခံနေတယ်လို့ လည်း သိရပါတယ်။ ယခုအစီအစဉ်အတွက် အစိုးရနှင့် ပုဂ္ဂလိက တက္ကသိုလ်/ကောလိပ်များက ပညာသင်ကြားဆဲနဲ့ဘွဲ့ရပြီး ကျောင်းသားကျောင်းသူတွေအနေနဲ့ လျှောက်လွှာတွေကို internship@telenor.com.mm လိပ်စာအတိုင်း သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး အွန်လိုင်းကတစ်ဆင့် ပေးပို့လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD