AD
AD
AD

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ နယ် ဥယျာဉ်ကျေးရွာအနီး ရေဘေးရှောင်စခန်းမှ ရေဘေးသင့်ပြည်သူများအနေနဲ့ မိသားစုဝင်များ ၊ မိတ်ဆွေသူငယ်ချင်းများနဲ့ အဆက်အသွယ် မပြတ်တောက်စေဖို့ နေရောင်ခြည် စွမ်းအင်သုံး ဖုန်းအားသွင်းစက်တစ်ခုကို Telenor Myanmar မှ သီတင်းပတ် ၂ ပတ်ကြာအောင် ဆောင်ရွက်ထားရှိပေးသွားမယ်လို့ ဆိုပါတယ်။

play
ပုံ-Telenor Myanmar FB

 

မိုဘိုင်းလ်ဖုန်းအလုံးရေ ၁၈ လုံးအထိ တစ်ပြိုင်တည်း အားသွင်းနိုင်တဲ့ အားသွင်းစက်အပြင် ရေဘေးရှောင် ပြည်သူများအတွက် ကျပ်သန်း ၂၁၀ တန်ဖိုးရှိ စားသောက်ကုန်များ ၊ ရေနဲ့ သန့် ရှင်းရေးအတွက် အထောက်အပံ့များကို Telenor Myanmar ရဲ့ လုပ်ငန်းလက်တွဲဖက် ပါတနာအဖွဲ့ အစည်းတစ်ခု ဖြစ်တဲ့ Network Activities Group (NAG)) ကနေ ဇူလိုင်လ ၂၆ ရက်နေ့ က စပြီး ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဥယျာဉ်ကျေးရွာတစ်ဝိုက်မှ ရေဘေးဒဏ်ခံစားသူများအတွက် သောက်ရေသန့် မပြတ်ရရှိစေဖို့ ကယ်ဆယ်ရေးစခန်းမှာ အဝီစိတွင်းတစ်ခုကိုပါ စတင်တူးဖော်ပေးနေပြီး လက်နှိပ်တုံကင်တစ်ခုကိုပါ တပ်ဆင်ပေးသွားမယ်လို့ ဆိုပါတယ်။

play
ပုံ-Telenor Myanmar FB

 

Telenor Myanmar အနေနဲ့ NAG အဖွဲ့ အစည်းအပြင် ဒေသခံလူမှုအဖွဲ့ အစည်းများနဲ့ ပူးပေါင်းပြီး ရေဘေးကယ်ဆယ်ရေးအတွက် လိုအပ်တဲ့ အကူအညီများ ထပ်မံပေးအပ်သွားမယ်လို့ လည်း Telenor Myanmar ရဲ့ Facebook စာမျက်နှာကနေ ဖော်ပြထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD