AD
AD
AD

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှာ ဓားကိုင်သောင်းကျန်းခဲ့သူတစ်ဦးကို မဟာသင်္ကြန်အတွင်း အထူးတရားရုံးက ထောင်ဒဏ် ၆ လ ချမှတ်လိုက်ကြောင်း သိရပါတယ်။

play


ယနေ့ (ဧပြီ ၁၃ ရက်) သင်္ကြန်အကြိုနေ့ မနက် ၂ နာရီက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၅၁)ရပ်ကွက်၊ ရွှေသပြေ လမ်းမပေါ်မှာ အမျိုး သားတစ်ဦး ဓားကိုင်သောင်းကျန်းနေကြောင်း သတင်းရရှိခဲတာကြောင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ထားဝယ်ချောင်နယ်မြေ ရဲကင်းစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနဲ့အတူ သွားရောက်ဖမ်းဆီးခဲ့ပါတယ်။

play


ဓားကိုင်သောင်းကျန်သူ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့ နယ်နေ အသက် ၃၅ နှစ်အရွယ် ဝင်းကျော်ကျော်အား အရိုးအသွား (၈) လက်မရှိ ဓားဦးချွန်တစ်ချောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း Yangon Police က Facebook မှာ သတင်းထုတ်ပြန်ထားပါတယ်။

၎င်းအား ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းမှ (ပ)၇၁၂/ ၂၀၁၈၊ လက်နက်များအက်ဥပဒေပုဒ်မ ၁၉ (င)ဖြင့် အမှုဖွင့်ခဲ့ပြီးနောက် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အထူးတရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ရာ အမှုကို နေ့ချင်းပြီးစစ်ဆေးပြီး အလုပ်နဲ့ထောင်ဒဏ် ၆ လ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD