ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)ရဲ့ကြားဝင်စေ့စပ်ပေးမှုကြောင့် ပြန်လွှတ်ပေးခဲ့တာပါ။

TNLA ရဲ့ လုပ်ငန်းတာဝန်ကို နှောင့်ယှက်တာကြောင့် ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တဲ့ နန်းမိုဟွမ်ကို ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)ရဲ့   ကြားဝင်စေ့စပ်ပေးမှုကြောင့့် ပြန်လွှတ်ပေးလိုက်ပြီလို့  FPNCC နဲ့ ရှမ်းလူမှုအဖွဲ့အစည်း ၁၀ ဖွဲ့မှ အောက်တိုဘာ ၁၀ ရက်က ပူးပေါင်းသတင်းထုတ်ပြန်ပါတယ်။

43176110_2195228330540997_4535549081631588352_n.jpg

Photo - Sai Htin Kyaw

 

 

နန်းမိုဟွမ် လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီး နန်းမိုဟွမ်ရဲ့ မိသားစုဝင်တွေနဲ့ နမ့်ခမ်းမြို့နယ် ရှမ်းလူမှုအဖွဲ့ တွေ ပူးပေါင်းပြီးတော့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ကို အကူအညီတောင်းခံခဲ့ရာ FPNCC နဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ဆွေးနွေးညှိနှိုင်းပြီးနောက် ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

နန်းမိုဟွမ်က သက်ဆိုင်ရာ ကိစ္စပေါ်မျာ မှားယွင်းမှုအချို့ရှိခဲ့တယ်လို့ ဝန်ခံပြီးနောက် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပြီး ကြားဝင်စေ့စပ်ပေးမှုတွေကြောင့် TNLAအနေနဲ့ တိုင်းရင်းသားချစ်ကြည်ရင်းနှီးမှုကို ရှေးရှုပြီး နန်းမိုဟွမ်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ သဘောတူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို ဟိုနောင်ရပ်ကွက်မှာ ကုန်မာဆိုင်ဖွင့်လှစ်ထားတဲ့ အသက်(၃၇)နှစ်အရွယ် ဒေါ်နန်းမိုဟွမ်ကို သြဂုတ်လ (၁၇) ရက် မနက်ပိုင်းက TNLA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

ဒေါ်နမ်းမိုဟွမ် အဖမ်းခံရပြီးနောက် စက်တင်ဘာ ၃ ရက်နေ့မှာ TNLA အဖွဲ့မှ သတင်းထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး  ဒေါ်နန်းမိုဟွမ်က PSLF/TNLA ရဲ့ လုပ်ငန်းတာဝန်ကို နှောင့်ယှက်တာကြောင့် အရေးယူဖို့ ဖမ်းဆီးတာဖြစ်ပြီး အောက်တိုဘာာ လမှာ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က