AD
AD
AD
play

 

မြန်မာအစိုးရနဲ့ UNDP , UNHCR တို့အကြားနားလည်မှုစာချွန်လွှာရေးထိုးဖို့ ဆွေးနွေးနေတယ်လို့ နိုင်ငံတောာ်အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်ထားပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံကို ရောက်ရှိခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေကို တွေ့ဆုံခဲ့ပြီး နောက်မှာ မြန်မာအစိုးရအနေနဲ့ လက်ရှိကြုံနေရတဲ့ စိန်ခေါ်မှုတွေကို အဖြေရှာဆောင်ရွက်ရာမှာ ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်။

ကုလလက်အောက်ခံအေဂျင်စီတွေနဲ့ ရခိုင်ပြည်နယ်မှာ ထိတွေ့ဆောင်ရွက်ခြင်းဖြင့် ဒုက္ခသည်တွေ လုံခြုံစွာ စိုးရိမ်မှုမရှိဘဲ ပြန်ဝင်ရောက် နိုင်ဖို့ အစိုးရရဲ့ဆောင်ရွက်ချက်တွေကို အထောက်အကူဖြစ်စေမယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

play

 

အဆိုပါအဖွဲ့အစည်းတွေက သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီ ထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းတွေနဲ့ ရခိုင်ပြည်နယ်လူထုအတွက် ပူးပေါင်းဆောင်ရွက်ဖို့ သင်တော်တဲ့အချိန်ရောက်ပြီလို့ အစိုးရအနေနဲ့ ယုံကြည်ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်က အရေးကြီးတဲ့ အချိန်အခါဖြစ်ပြီး ဒီမိုကရေစီဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုအတွက် နေရာမရှိဘဲ နေအိမ်တွေ ဆုံးရှုံးခဲ့သူတွေအတွက် ပြန်လည်ဝင်ရောက်လာစေရေးနဲ့ အကြမ်းဖက်မှု အခြေခံအကြောင်းရင်းတွေကို အဖြေရှာဆောင်ရွက်ဖို့လိုတဲ့ အကြောင်း နိုင်ငံတော်အတိုင်ပင်ခံက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Source : State Counsellor Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD