Local News: ဘင်္ဂါလီတွေကို လူမျိုးတုံးသတ်ချင်နေတယ်လို့ UNHCR အမှုထမ်းပြောတာ မြန်မာ ကန့်ကွက်

မြန်မာအမြဲတမ်းကိုယ်စားလှယ်က UNHCR ဌာနချုပ်ကိုသွားရောက် ကန့်ကွက်ခဲ့တာပါ။

play

 

မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂါလီတွေကို အစုလိုက်အပြုံလိုက်နှင်ထုတ်တာ (သို့မဟုတ်) လူမျိုးတုံးသတ်ဖြတ်တာလုပ်လိုနေတယ်လို့ UNHCR အမှုထမ်းရဲ့ ပြောကြားချက်အပေါ် ဂျီနီဗာမြို့မှာနေတဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးထင်လင်းက UNHCR ဌာနချုပ်ကိုသွားပြီး ကန့်ကွက်ခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက နိုဝင်ဘာ ၂၆ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ကလေးငယ်တွေ အပါအ၀င် လူသတ်၊ သေနတ်နဲ့ ပစ်ခတ်တာတွေနဲ့ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေအပြင် နေအိမ်တွေကို မီးလောင်တိုက်သွင်းပြီး ပစ္စည်းလု ယက်တာတွေလုပ်နေပြီး လူတွေကို မြစ်ကူးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ၀င်ရောက်ဖို့ ဖိအားပေးတာတွေလုပ်နေတာလို့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ ကော့ဘဇားအခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ (UNHCR) အကြီးအကဲ ဂျွန်မက်ကစ်ဆစ်ခ်က ဘီဘီစီသတင်းဌာနကို ပြောကြားခဲ့တာကို ကန့်ကွက်ခဲ့တာပါ။

ဂျွန်မက်ကစ်ဆစ်ခ်ရဲ့ ပြောကြားချက်တွေကို ဘီဘီစီ သတင်းဌာနက ‘Myanmar wants ethnic cleansing of Rohingya- UN offical’ ခေါင်းစဉ်နဲ့ နိုဝင်ဘာ ၂၄ ရက်မှာ သတင်းဖော်ပြခဲ့ပြီး ပြောကြားချက်ကို  မက်ကစ်ဆစ်ခ်အနေနဲ့ အမှန်တကယ်ပြောကြားခဲ့ခြင်းရှိ၊ မရှိ စိစစ်ဖို့နဲ့ မပြောခဲ့ရင်လည်း မပြောကြောင်း သတင်းထုတ်ပြန်ဖို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်က တောင်း ဆိုခဲ့တယ်လို့ ဆိုပါတယ်။

Source : 7DayDaily

Photo : Myanmar State Counsellor Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ