Local News: မြို့ပြလူငယ်တွေရဲ့ အရည်အသွေးတွေကို ထုတ်ဖော်ပေးဖို့ရည်ရွယ်ကျင်းပတဲ့ Urban Talent (Dance) ပြိုင်ပွဲကို ဓူဝံက အောင်မြင်စွာ ကျင်းပခဲ့

မျိုးဆက်သစ် အကအဖွဲ့များစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ပွဲပါ။

play

 

မြို့ပြလူငယ်တွေရဲ့ မီးခဲပြာဖုံးအရည်အသွေးတွေကို ဖော်ထုတ်ပေးဖို့ရည်ရွယ်ချက်နဲ့ ကျင်းပတဲ့ Urban Talent ပြိုင်ပွဲရဲ့ ပထမကဏ္ဍ Dance ပြိုင်ပွဲကို မြန်မာနိုင်ငံရဲ့အကြီးဆုံးအွန်လိုင်းမီဒီယာတစ်ခုဖြစ်တဲ့ ဓူဝံမှစီစဉ်ပြီး Ballantines ရဲ့ အဓိကကူညီပံ့ပိုးပေးမှုနဲ့ အတူ ၂၀၁၆ခုနှစ် နိုဝင်ဘာလ၊ ၁၁ ရက်နေ့က အောင်မြင်စွာကျင်းပခဲ့ပါတယ်။

play

 

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဖူဆန် ဘတ်စကတ်ဘောကွင်းမှာကျင်းပခဲ့တဲ့ အဆိုပါပြိုင်ပွဲကို လူငယ် အကအဖွဲ့တွေ ပါဝင်ဆင်နွှဲခဲ့ကြပြီး ပရိသတ်များစွာလည်း တက်ရောက်အားပေးခဲ့ကြတာကိုတွေ့ရပါတယ်။ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လူငယ်အကအဖွဲ့တွေထဲကမှ နိုင်ငံတကာ Underground Dance ပြိုင်ပွဲတွေပုံစံအတိုင်း ပရိသတ်တွေရဲ့ Vote နဲ့ရွေးချယ်ကာဆုချီးမြှင့်ခဲ့ပါတယ်။

play

 

အကအဖွဲ့တွေအတွက် ချီးမြှင့်ခဲ့တဲ့ဆုတွေက People Choice Winner ဆု၊ People Choice 1st Runner Up ၊ ဆု၊ People Choice 2nd Runner Up နဲ့ အထူးဆု တို့ဖြစ်ပြီးတက်ရောက်လာကြတဲ့ ပရိတ်သတ်တွေထဲက Best Costume ဆု ၂ ဆုကိုလည်း ရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။

play

 

ဓူဝံက စီစဉ်ကျင်းပတဲ့ Urban Talent(Dance) ပြိုင်ပွဲရဲ့ People Choice Winner ဆုကို Junior Here & Now အဖွဲ့ကလည်းကောင်း၊ People Choice First Runner Up ဆုကို B.Crew အဖွဲ့လည်းကောင်း၊ People Choice Second Runner Up ဆုကို Funny Guys အဖွဲ့ကလည်းကောင်း၊ အထူးဆုကို Junior Essential အဖွဲ့ကလည်းကောင်း အသီးသီးဆွတ်ခူးသွားခဲ့ပါတယ်။ပြိုင်ပွဲနေ့မှာ မြန်မာနိုင်ငံရဲ့ နာမည်ကျော်အကအဖွဲ့တွေဖြစ်တဲ့ Secret Pieces နဲ့ Jade Dragon တို့ကလည်း လာရောက် ပြီးကပြဖျော်ဖြေသွားခဲ့ပါသေးတယ်။

play

 

ဓူဝံရဲ့ Urban Talent ( Dance ) ပြိုင်ပွဲကြီးကို နိုင်ငံတကာမှာ Talent Program ပေါင်းများစွာကို ကူညီပံ့ပေးပိုးလျှက်ရှိတဲ့ Ballantine ကနေပြီးအဓိကကူညီပံ့ပိုးပေးခဲ့တယ်လို့လည်းသိရပါတယ်။

ဓူဝံကနေပြီး မြို့ပြက Talent ရှိတဲ့လူငယ်တွေကို ဖော်ထုတ်ပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Urban Talent ပြိုင်ပွဲတွေကို Dance ၊ Acoustic ၊ Rap နဲ့ DJ ဆိုပြီးကဏ္ဍ ၄ မျိုးခွဲကာကျင်းပသွားဖို့ စီစဉ်ထားတာဖြစ်ပြီး နောက်ထပ် Acoustic၊ Rap နဲ့ DJ ပြိုင်ပွဲတွေကို ဆက်လက်ကျင်းပသွားဦးမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ