AD
AD
AD
play

 

Hip Hop ဂီတကိုရူးသွပ်ပေမယ့် အခွင့်အရေးမရသေးလို့ မီးခဲပြာဖုံးဖြစ်နေရတဲ့ မျိုးဆက်သစ်တွေကို ဖော်ထုတ်ပေးမယ့် Urban Talent: Hip Hop ပြိုင်ပွဲကြီးကို Ballantines ရဲ့ ပံ့ပိုးကူညီမှုနဲ့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းက ဖူဆန်တရုတ်ဘုံကျောင်းမှာကျင်းပမယ့် ဒီပြိုင်ပွဲကို ညနေ ၆ နာရီကနေ ည ၈ နာရီအထိ ကျင်းပသွားမှာဖြစ်ပြီး Hip Hop အဖွဲ့ ၃၅ ဖွဲ့ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Urban Talent: Hip Hop ပြိုင်ပွဲမှာ လာရောက်ယှဉ်ပြိုင်သူတွေရဲ့ သီဆိုယှဉ်ပြိုင်မှုတွေအပြင် နာမည်ကျော် Hip Hop အဆိုတော်တွေဖြစ်တဲ့ X Box ရဲ့အလန်းစား rapping တွေကိုလည်း ကြည့်ရှုနားဆင်ရဦးမှာပါ။

ဒီပွဲရဲ့ ဆုကြေးတွေအနေနဲ့  ပွဲကိုလာရောက်မယ့် ပရိတ်သတ်တွေကနေ မဲပေးရွေးချယ်ရမယ့် People’s Choice Award Winner - (400,000)Ks ၊ People’s Choice Award Runner Up – (200,000) Ks တို့အပြင် Duwun Media ကနေ ရွေးချယ်ချီးမြှင့်ပေးမယ့် Duwun Choice Award (300,000)Ks တို့ကို ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲက Duwun အွန်လိုင်းမီဒီယာရဲ့စီစဉ်ကျင်းပမှုနဲ့ မြန်မာနိုင်ငံရဲ့အရည်အချင်းရှိ လူငယ်တွေကို ရှာဖွေဖော်ထုတ်ပေးနေတဲ့ ပဉ္စမမြောက်ပြိုင်ပွဲဖြစ်ပြီး ပြိုင်ပွဲအားလုံးကို Ballantines က ပံ့ပိုး ကူညီထားတာပါ။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD