play

 

Duwun Media ကနေ စီစဉ်ကျင်းပမယ့် Urban Talent: Hip Hop ပြိုင်ပွဲကို လာမယ့် စက်တင်ဘာလ ၃၀ ရက်နေ့မှာ ရန်ုကုန်မြို့ကမ္ဘာအေးဘုရားလမ်းက ဖူဆန်တရုတ်ဘုံကျောင်း ဘတ်စကတ်ဘောကွင်းမှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။

ဒီမြိုင်ပွဲကို May Lay ၊ ZIG ၊ J-Jay ၊ H-Skill ၊ T-Axer၊ ၊ Yaung Yum ၊ Min Khant Kyaw ၊ Killa Jay ၊ Little Shorty ၊ A.B.H တို့အပါအ၀င် အဖွဲ့ပေါင်း ၃၄ ဖွဲ့က ၀င်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Ballantines ရဲ့ပံ့ပိုးကူညီမှုနဲ့ကျင်းပမယ့် ဒီပြိုင်ပွဲမှာ ရက်ပါဝါသနာရှင်တွေက အဖွဲ့လိုက်နဲ့ တစ်ဦးချင်းလာရောက်ယှဉ်ပြိုင်ကြမှာဖြစ်လို့ Hip Hop ဂီတကိုချစ်မြတ်နိုးသူ ပရိတ်သတ်တွေအခမဲ့ လာရောက်ကြည့်ရှု နားဆင်နိုင်မှာ ဖြစ်ပါတယ်။

play

 

Urban Talent: Hip Hop ပြိုင်ပွဲမှာ လာရောက်ယှဉ်ပြိုင်သူတွေရဲ့ သီဆိုယှဉ်ပြိုင်မှုတွေအပြင် နာမည်ကျော် Hip Hop အဆိုတော်တွေဖြစ်တဲ့ X Box ရဲ့အလန်းစား rapping တွေကိုလည်း ကြည့်ရှုနားဆင်ရဦးမှာပါ။

ဒီပွဲရဲ့ ဆုကြေးတွေအနေနဲ့  ပွဲကိုလာရောက်မယ့် ပရိတ်သတ်တွေကနေ မဲပေးရွေးချယ်ရမယ့် People’s Choice Award Winner - (400,000)Ks ၊ People’s Choice Award Runner Up – (200,000) Ks တို့အပြင် Duwun Media ကနေ ရွေးချယ်ချီးမြှင့်ပေးမယ့် Duwun Choice Award (300,000)Ks တို့ကို ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲက Duwun အွန်လိုင်းမီဒီယာရဲ့စီစဉ်ကျင်းပမှုနဲ့ မြန်မာနိုင်ငံရဲ့အရည်အချင်းရှိ လူငယ်တွေကို ရှာဖွေဖော်ထုတ်ပေးနေတဲ့ ပဉ္စမမြောက်ပြိုင်ပွဲဖြစ်ပြီး ပြိုင်ပွဲအားလုံးကို Ballantines က ပံ့ပိုး ကူညီထားတာပါ။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video