AD
AD
AD
play

Duwun မီဒီယာက စီစဉ်ကျင်းပသွားမယ့် Urban Talent: Rock Battle ပြိင်ပွဲမှာ အဖွဲ့လိုက်နဲ့ တစ်ဦးချင်း ပြိုင်ပွဲဝင်စာရင်း ဖြစ်ပါတယ်။ Ballantines ရဲ့ ပံ့ပိုးကူညီမှုနဲ့ ကျင်းပမယ့် Urban Talent: Rock Battle ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သူတွေဟာ နိုင်ငံတကာ သို့မဟုတ် ကိုယ်ပိုင်သံစဉ် ရော့ခ်တေးသီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ရမှာဖြစ်ပြီး ရော့ခ်ဂီတကို ချစ်မြတ်နိုးသူတွေ အနေနဲ့လည်း အခမဲ့ လာရောက်ကြည့်ရှု နားဆင်နိုင်မှာပါ။

Urban Talent : Rock Battle ပြိုင်ပွဲမှာ ဝါသနာရှင်တွေရဲ့ သီဆိုယှဉ်ပြိုင်မှုများအပြင် မြန်မာနိုင်ငံရဲ့ နာမည်ကျော် ရော့ခ်တေးဂီတ အဖွဲ့တစ်ခုဖြစ်တဲ့ Idiots နဲ့  တေးသံရှင် Raymond ရဲ့ သီဆိုဖျော်ဖြေမှုတွေကိုလည်း ကြည့်ရှုနားဆင်ခွင့်ရမှာ ဖြစ်ပါတယ်။

play
Urban Talent: Rock Battle မှာ ပါဝင်ယှဉ်ပြိုင်မယ့် Alive အဖွဲ့

 
Urban Talent - Rock Battle ပြိုင်ပွဲမှာ အကဲဖြတ် ဒိုင်တွေအဖြစ် ဝါရင့် ဂီတပညာရှင်တွေက ဆောင်ရွက်သွားမှာဖြစ်ပြီး  အဖွဲ့လိုက်နဲ့ တစ်ဦးချင်း ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ကာ ဆုကြေးတွေအနေနဲ့ Winner - ၃၀၀,၀၀၀ ကျပ်၊ Runner up – ၂၀၀,၀၀၀ ကျပ်၊ People Choice - ၁၀၀,၀၀၀ ကျပ် ချီးမြှင့်သွားမယ်လို့ သိရပါတယ်။

play
Urban Talent: Rock Battle မှာ ပါဝင်ယှဉ်ပြိုင်မယ့် Black Rose အဖွဲ့


Urban Talent: Rock Battle ပြိုင်ပွဲကို ဇူလိုင်လ ၂၉ ရက်မှာ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်က ဖူဆန်တရုတ်ဘုံကျောင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Duwun Media က လူငယ်ဝါသနာရှင်တွေအတွက် Urban Talent ပြိုင်ပွဲတွေကို ပြုလုပ်နေတာ အခုအကြိမ်က လေးကြိမ်မြောက်ဖြစ်ပြီး အရင်တုန်းက Duwun Urban Talent (Acoustic Cover) ပြိုင်ပွဲ၊ Urban Talent (Dance)နဲ့ Urban Talent : K-pop Cover ပြိုင်ပွဲတို့ကိုလည်း ကျင်းပခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD