AD
AD
AD

Duwu မီဒီယာက ကျင်းပတဲ့ Urban Talent : Rock Battle ပြိုင်ပွဲကို ဇူလိုင်လ ၂၉ ရက်နေ့မှာ ကျင်းပပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။  

Ballantines ရဲ့ ပံ့ပိုးကူညီမှုနဲ့ ကျင်းပမယ့် Urban Talent: Rock ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သူတွေဟာ နိုင်ငံတကာ သို့မဟုတ် ကိုယ်ပိုင်သံစဉ် ရော့ခ်တေးသီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ရမှာဖြစ်ပြီး ရော့ခ်ဂီတကို ချစ်မြတ်နိုးသူတွေ အနေနဲ့လည်း အခမဲ့ လာရောက်ကြည့်ရှု နားဆင်နိုင်မှာပါ။Urban Talent : Rock ပြိုင်ပွဲမှာ ဝါသနာရှင်တွေရဲ့ သီဆိုယှဉ်ပြိုင်မှုများအပြင် မြန်မာနိုင်ငံရဲ့ နာမည်ကျော် ရော့ခ်တေးဂီတအဖွဲ့တစ်ခုဖြစ်တဲ့ Idiots နဲ့  တေးသံရှင် Raymond ရဲ့ သီဆိုဖျော်ဖြေမှုတွေကိုလည်း ကြည့်ရှုနားဆင်ခွင့်ရမှာ ဖြစ်ပါတယ်။ ဇူလိုင်လ ၂၉ မှာ ကမ္ဘာအေးဘုရားလမ်းပေါ်က ဖူဆန်တရုတ်ဘုံကျောင်းမှာ ကျင်းပသွားမှာပါ။

play

 

Urban Talent - Rock ပြိုင်ပွဲမှာ အကဲဖြတ် ဒိုင်တွေအဖြစ် ဝါရင့် ဂီတပညာရှင်တွေက ဆောင်ရွက်သွားမှာဖြစ်ပြီး  အဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ဆုကြေးတွေအနေနဲ့ Winner - ၃၀၀,၀၀၀ ကျပ်၊ Runner up – ၂၀၀,၀၀၀ ကျပ်၊ People Choice - ၁၀၀,၀၀၀ ကျပ် ချီးမြှင့်သွားမှာပါ။

play

 

Rock ဂီတရဲ့ အငွေ့အသက်တွေ အပြည့်အဝခံစားရအောင် ဖန်တီးတင်ဆက်သွားမှာဖြစ်ပြီး ဒီပွဲကို ပံ့ပိုးကူညီပေးတဲ့ Ballantines ကလည်း Cocktail နဲ့ ဧည့်ခံသွားမယ်လို့ သိရပါတယ်။ Urban Talent: Rock ပြိုင်ပွဲဟာ မြို့ပြလူငယ်တွေရဲ့ အရည်အချင်းတွေကို ဖော်ထုတ်ပေးဖို့ ရည်ရွယ်ချက်နဲ့ Duwun ကနေကျင်းပလျက်ရှိတဲ့ Urban Talent ပြိုင်ပွဲတွေရဲ့ စတုတ္ထမြောက်ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD