ရုပ်သံကဏ္ဍအစုံ ကြည့်ရှုနိုင်တဲ့ video streaming platform တစ်ခုကို MPT မှ အကောင်အထည်ဖော်သွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

 

"Video Streaming ဆိုတာက ဥပမာ ပလက်ဖောင်းတစ်ခုဆောက်လိုက်မယ်၊ အဲဒီပလက်ဖောင်းပေါ် မှာ ကိုးရီးယားဆိုရင် ကိုးရီးယားကားလာမယ်၊ ရုပ်ရှင်တွေလာမယ်၊ မြန်မာရုပ်ရှင်၊ ဟောလိဝုဒ်ကရုပ်ရှင် တွေလာမယ်၊ ပြီးတော့ တရုတ်ဆိုလည်းတရုတ်ပေါ့ ။အဲဒီ Movie တွေအားလုံးကို ပလက်ဖောင်းပေါ်ကို တင်ပြီးတော့ Package လိုက်ယူသုံးလို့ရတာပေါ့။ အဲဒါကို မိုဘိုင်းဖုန်းအသုံးပြုတဲ့သူတွေအနေနဲ့ Package အလိုက်ယူသုံးတာပေါ့။ အဲဒါကို Video Streaming လို့ခေါ်တာပေါ့။ သူက အွန်လိုင်းကော Offline ကောသုံးလို့ရမယ်။ အွန်လိုင်းမှာဆိုရင်တော့ တိုက်ရိုက်ကြည့်ပေါ့။ Offline အတွက်ဆိုရင် တော့ ဒေါင်းလုပ်လုပ်ပြီးတော့ကြည့်ရမှာဖြစ်ပါတယ်” လို့ MPT-KSGM Joint Operations မှ Deputy Chief Commercial Officer ဖြစ်သူ ဦးသိန်းဟုတ်က ဆိုပါတယ်။

play
video streaming သုံးနေသူတစ်ဦး

 

ဒီ video streaming အစီအစဉ်ကို ဒီနှစ်မကုန်ခင် အကောင်အထည်ဖော်နိုင်ဖို့ ရှိပြီး လက်ရှိမှာ သက်ဆိုင်ရာ content provider တွေနဲ့ ညှိနိုင်းနေတယ်လို့ သိရပါတယ်။

Source: Internet Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video